ပရိသတ်ကြီးရေ.. မျောက်ရှုံးလို့ဆိုလိုက်တာနဲ့ မရိုးနိုင်တဲ့ရယ်စရာဟာသပြက်လုံး ခပ်ဆန်းဆန်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ဆက်တိုက်ရရှိထားကြတဲ့ “ဖိုက်စတား” လူရွှင်တော်အဖွဲ့ကို ပရိသတ်တွေသိကြမှာပါနော်..။

အဖွဲ့ဝင်(၅)ယောက်ပါဝင်တဲ့ ဖိုက်စတားအဖွဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူ မရိုးနိုင်တဲ့ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေကြပြီး သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးတွေကိုလည်း ကိုယ်စီပိုင်ဆိုင်ထားကြသူတွေလည်း ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

အခုတစ်ခါမှာတော့ လူရွှင်တော်မျောက်ရှုံးကတော့ ချစ်ရတဲ့ သားလေးနှစ်ယောက်နဲ့အတူ အခမ်းအနားပွဲလေးတစ်ခုကို တက်ရောက်ရင်း ပရိသတ်တွေနဲ့လည်း မိတ်ဆက်ပေးထားကာ သားအဖတွေ စနောက်ကာ ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမှာပါနော်..။

“ရွာဇော်ကြီး” ဟာသရုပ်ရှင်ဇာတ်ကားကြီးရဲ့ အခမ်းအနားပွဲလေးကို တက်ရောက်လာခဲ့ကြတာဖြစ်ပြီး အင်တာဗျူးဖြေရင်း သားအဖေတွေ ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကျနေကြသလို သားလေးတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မျောက်ရှုံးက ပြောပြထားပါသေးတယ်..။


Photo By Myanmarload
Photo By Myanmarload

မျောက်ရှုံးကတော့ သူကသာလူရွှင်တော်ဖြစ်နေပေမယ့် သားနှစ်ယောက်ကတော့ လူရွှင်တော်ဖြစ်လာမယ်လို့ မထင်သလို သားလေးတွေဖြစ်ချင်တဲ့ ဆန္ဒအတိုင်းပဲ အားပေးပံ့ပိုးသွားမှာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဆိုဆုံးမပေးကြဖို့ အပ်ထားတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ သားလေးနှစ်ယောက်နဲ့အတူ ပွဲတက်ရင်း ပျော်နေကြတဲ့ မျောက်ရှုံးတို့ သားအဖတွေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။