ပရိသတ်ကြီးရေ သဘာဝလွန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ "Spontaneous Human Combustion" (SHC) အလိုလျောက် လူသားမီးလောင်မှု အကြောင်းကို စိတ်ဝင်စားဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

Photo credit Once A Glance Page

သိပ္ပံ ပညာရှင်တွေကတော့ အဲ့လိုကိစ္စဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စလို့ ဆိုကြပါတယ်။ လူ့အစာအိမ် နားကစလောင်ပြီး အပြာရောင် မီးတောက်တွေ ဖြစ်ကာ လောင်ကျွမ်းမှုကတော့ အလွန်လျင်မြန်တာပဲ ဖြစ်ပါတယ်။ ဒီလိုမီးလောင်မှုဟာ အရက် သောက်သုံးသူတွေမှာ အဖြစ်များပြီး အစာအိမ်ထဲမှ ဓာတု ဖြစ်စဉ် ပြောင်းလဲမှု Bacteria များက ထုတ်လုပ်တဲ့ gas တွေ နှင့် ထိတွေ့ကာ မီးလောင်ကျွမ်းတယ်လို့ ဆိုပါတယ်။

Photo credit Once A Glance Page

တစ်ချို့ပညာရှင်တွေကတော့ (Viberational energy ) အက်တမ်တွေ မော်လီကျူးတွေ Reaction ကြောင့်ဖြစ်တယ်လို့ ဆိုထားပေမယ့် တိတိကျကျတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး...။ မီးလောင်ကျွမ်းတဲ့ လူအနည်းစုဟာ လက်လေးတွေက လောင်ကျွမ်းတာဖြစ်ပြီး အချို့ကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကနေ လောင်ကျွမ်းတာ ဖြစ်ပါတယ်။ အသက်ရှင်ဖို့ အခွင့်အလမ်း ရရှိခဲ့ပေမဲ့ များသောအားဖြင့်ကတော့ သေဆုံးကြတာများပါတယ်။ နောက်ပြီး မီးလောင်ကျွမ်းခံရသူတွေဟာ နာကျင်စွာ အော်ဟစ်ပြီး လောင်ကျွမ်းမှု ဝေဒနာ ကို ခံစားရတဲ့ ပုံပေါက်မနေတာကလည်း ထူးခြားမှု တစ်ခုလို့ ပြောရမှာပါ။ ဘာသာရေး ယုံကြည်သူတွေကတော့ ဘုရားသခင်က ဒဏ်ခတ်တယ်၊ စေတန် လည်ပါတ်တယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။

Source Once A Glance Page

Photo credit Once A Glance Page 

Photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။