ခင်ပွန်းသည်ရဲ့ ချစ်ခြင်းတစ်ခုထဲနဲ့တင် ဘဝမှာ အစစအရာရာ ပြည့်စုံလုံးလောက်နေပြီဆိုတဲ့ ဆုပန်ထွာ

ဇနီးဖြစ်သူ ဆုပန်ထွာက နှာခေါင်းခွဲစိတ်ပြုပြင်ဖို့ ကိုရီးယားကို သွားချိန်မှာ အတူလိုက်သွားပေးတဲ့ ကိုဥက္ကာကျော်ဟာ သားလေးကို လွမ်းလို့ အင်္ကျီလေးယူလာပြီး ထုတ်ထုတ်နမ်းနေပါတယ်တဲ့။

" သားနဲ့ မိန်းမအပေါ်ချစ်တတ်သော ယောင်္ကျား.. သူ့အဖေပေါ့ သားသား Roar Roar Kyaw လေးအိန်းကျႌယူလာပီးနေ့တိုင်း ထုတ်ထုတ်နမ်းနေတော့တာ။ ကိုယ်တောင်အဲ့ဒီ Idea မရှိ။ မိန်းမသားသားအနံ့လေးမွှေးကြည့်ဆိုပီးကိုယ့်ပါ လာလာရှူခိုင်းသေးတာ" လို့ ဆုပန်ထွာက သူမရဲ့ဖေ့စ်ဘွတ်မှာ မေလ ၂၅ ရက်နေ့က ရေးသားထားပါတယ်။

ဆုပန်ထွာဟာ အရင်ကလည်း နှာခေါင်းခွဲစိတ်ပြုပြင်ဖူးပြီး အခုတစ်ခါ ထပ်မံပြုပြင်ဖို့ ကိုရီးယားကိုသွားတာဖြစ်ပြီး သူမတို့ဇနီးမောင်နှံနဲ့အတူ သရုပ်ဆောင် မေသန်းနုလည်း လိုက်ပါသွားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက သားနဲ့ ဇနီးအပေါ် အရမ်းဂရုစိုက်တဲ့အတွက် ဆုပန်ထွာတစ်ယောက် အပျော်ကြီးပျော်နေတာပါ။

"ကိုယ့်ကိုလဲဆေးတွေသူပဲအမြဲတိုက်ရှာတယ်။ အော်....သူ့ရဲ့ချစ်ချင်းတွေကြာလာတာနဲ့ပိုသိလာရသလိုပါပဲ။ သူ့ရဲ့ချစ်ခြင်းတစ်ခုထဲနဲ့တင် ဘဝမှာအစစအရာရာပြည့်စုံလုံလောက်နေခဲ့ပါပီ။ တွေးလိုက်တိုင်းအေးချမ်းတဲ့ဘဝတခုကိုဦးဆောင်တည်ဆောက်ပေးတဲ့သူမို့ ကျေဇူးရှင်ယောင်္ကျား ဘဝမှာအမြဲအေးချမ်းပြီးအစစရာရာပြည့်စုံပါစေနော်" လို့လည်း သူမက ရေးသားရင်း ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူရဲ့ဓာတ်ပုံတွေအပြင် ခင်ပွန်း ထုတ်ထုတ်နမ်းတယ်ဆိုတဲ့ သားလေးရဲ့အင်္ကျီကိုလည်း ဓာတ်ပုံရိုက်ပြီး ပြသထားပါသေးတယ်။

ဆုပန်ထွာဟာ သားလေး Roar Roar ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ (၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photos : Su Pan Htwar facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။