MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်( ယနေ့)ညနေ သုံးနာရီခွဲက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ စစ်ကိုင်းယူ နိုက်တက်အသင်းမှ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် အသင်းခေါင်းဆောင် တိုးဆက်နိုင်မှ ခေါင်းတိုက်သွင်း ပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် အိမ်ရှင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပါတယ် ။ဒုတိယပိုင်း ၄၉ မိနစ်၊ ၇၆ မိနစ်နှင့် ၈၃ မိနစ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒုတိယဂိုး၊ တတိယဂိုးနှင့် စတုထ္ထဂိုး တို့ ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

အဆိုပါဂိုးေတွကိုတော့ ကောင်းထက်ကျော်၊ ပက်ထရစ်၊အောင်ကိုကိုဝင်းတို့မှ အသီးသီးသွင်းယူပေးခဲ့ပါတယ် ။ ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ ၄-၀ ဂိုးဖြင့် မကွေးအသင်းကို အနိုင်ရခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းဟာ မကွေးအသင်းကို အနိုင်ရခဲ့သည့်အတွက် ၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံး နိုင်ပွဲစတင်ရယူသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။