ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Cook Inlands" ကွတ်ကျွန်းများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ ကွတ်ကျွန်းစုဟာ အထူးအခွင့်အရေးများရရှိခဲ့ပါတယ်။ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိပြီး ၂၄၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းတာကြောင့် ကွတ်ကျွန်းများအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံလို့ ယူဆထားကြပါတယ်။ သို့သော်လည်း နယူးဇီလန်နိုင်ငံ နှင့် လွတ်လပ်စွာ ပေါင်းစည်းထားတဲ့ အဆင့်သာ ဖြစ်ပါတယ်။ လူဦးရေ ၁၈၆၀၀ ကျော်ရှိသော်လည်း ကွတ်နိုင်ငံသားများ မဟုတ်ကြဘဲ တရားဝင်အားဖြင့် နယူးဇီလန်နိုင်ငံသားများသာ ဖြစ်ပါတယ်။

photo credit pngtree

ကွတ်ကျွန်းများကို ကျွန်းကောင်စီ ၁၁ ခု ဖွဲ့စည်းထားပါတယ်။ အကြီးဆုံးကျွန်းဟာ ၆၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ထိုကျွန်းပေါ်တွင် လူဦးရေ ၁၅၀၀၀ နေထိုင်လျက်ရှိပါတယ်။ လူ ၅၀ ခန့်သာ နေထိုင်တဲ့ အငယ်ဆုံးကျွန်း ပါမာစတမ်ကျွန်းဟာ ၂ ဒသမ ၁ စတုရန်းကီလိုမီတာမျှသာ ရှိပါတယ်။ ကွတ်ကျွန်းများဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံး မင်္ဂလာဦး ပျားရည်ဆမ်းခရီးထွက်သော နေရာတစ်ခုလို့ ယူဆထားကြပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။