ကမ္ဘာပေါ်မှာ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား....အစရှိတဲ့ အဖိုးတန်ကျောက်မျက်ရတနာများသာ တန်ဖိုးမြင့်မားတာမဟုတ်ဘဲ အမှတ်တရ ပစ္စည်းအနေနဲ့သာ သိမ်းဆည်းထားနိုင်သော အချို့ လူ့အသုံးအဆောင် ပစ္စည်းများဟာလည်း ထိုလက်ဝတ်ရတနာများနည်းတူ တန်ဖိုးမြင့်မားနေတာကို တွေ့ရှိရပါတယ်။ အဲ့ထဲကမှ "Platinum Handbag" လို့အမည်ရတဲ့ ပလက်တီနမ်ဖြင့် အလှဆင်ထားသော အမျိုးသမီး လက်အိုင်အိတ်အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

photo credit pngtree

ထိုလက်အိုင်အိတ်ဟာ ကမ္ဘာ့ဇိမ်ခံပစ္စည်းအမျိုးအစား "Luxury goods" စာရင်းဝင်တဲ့ အရာလို့ ပြောရမှာပါ။ အဲ့ဒီ လက်အိုင်အိတ်လေးကို ထုတ်လုပ်ခဲ့တာကတော့ ဂျပန်နိုင်ငံက ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ product တွေရဲ့ အရည်အသွေးကို သံသယ မရှိဘူးလို့ ယုံကြည်ပါတယ်။ သာမာန် မိန်းကလေးအသုံးအဆောင်တစ်ခုဖြစ်တဲ့ လက်အိုင်အိတ်လေးကို စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ အဖိုးတန်ဇိမ်ခံပစ္စည်းဖြစ်သွားအောင် ဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့သော ဂျပန်နိုင်ငံသားကိုတော့ မလေးစားပဲ မနေနိုင်ပါဘူးနော်။

photo credit pngtree

အဲ့ဒီ ပလက်တီနမ် လက်ကိုင်အိတ်လေးရဲ့ သမိုင်းအကျဉ်းကတော့ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုဖက်ရှင်ပြပွဲတစ်ခုတွင် ဂင်ဇာတာနာကာ ဒီဇိုင်းကုမ္ပဏီကနေပြီးတော့ ပြသခဲ့တာ ဖြစ်ပါတယ်။ ထိုလက်ကိုင်အိတ်လေးကို ပလက်တီနမ်စစ်စစ်ဖြင့် ပြုလုပ်ထားသော ကျောက်မျက် တန်ဆာများ ၂၁၈၂ လုံး၊ အလေးချိန် ၂၀၈ ကာရက် အလှဆင်ထားတာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်လေးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်း ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။