မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်းကတော့ လက်ဝှေ့အားကစားနည်းနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်းကတော့ ယခုမှာ Dai-ichi Life Insurance Myanmar ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရလို့ဝမ်းသာမိတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

photo credit : Aung La Nsang 's facebook account
photo credit : Aung La Nsang 's facebook account

အောင်လန်အန်ဆန်းကတော့ " Dai-ichi Life Insurance Myanmar ရဲ့ Brand Ambassador အဖြစ် အခုလို ခန့်အပ်ခြင်းခံရလို့ဝမ်းသာမိပါတယ်။ကျွန်တော့် မိသားစုဝင်ဦးရေ တွေတိုးပွားလာတာနဲ့အတူ သူတို့တွေကို အကောင်းဆုံးထောက်ပံ့စောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်အလေးထားစဉ်းစားဖြစ်ပါတယ်။ကျွန်တော့် အသက်မွေးဝမ်းကျောင်းမှုရဲ့ အနေအထားအရ အသက်အာမခံထားခြင်းဟာ ကျွန်တော့်အတွက်သာမက မိသားစု၊ ကလေးတွေ အနာဂတ်အတွက် အကောင်းဆုံးအကာအကွယ်ယူထားခြင်းတစ်ခုပါပဲ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Aung La Nsang 's facebook account
photo credit : Aung La Nsang 's facebook account

အောင်လန်အန်ဆန်းကတော့ " အသက်အာမခံဟာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါ။ ကျွန်တော်က အသက်အာမခံထားခြင်းဟာဘယ်လောက်အရေးပါကြောင်း ကိုကျွန်တော်တို့မြန်မာပြည်သူတွေပိုမိုနားလည်သဘောပေါက်စေဖို့ Dai-ichi Life Insurance Myanmar နဲ့အတူလက်တွဲပြီး အသိပညာပေးလုပ်ဆောင်တဲ့နေရာမှာ ကူညီဆောင်ရွက်ပေးချင်ပါတယ်။ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ ခရီးစဉ်မှာ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေအများကြီး ရှိပါတယ်။ Dai-ichi Life Insurance Myanmar နဲ့အတူ အကောင်ဆုံးတွေလက်တွဲလုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Aung La Nsang 's facebook account 

photo credit : Aung La Nsang 's facebook account
photo credit : Aung La Nsang 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။