ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "petroleum"လို့ အမည်ရတဲ့ ရေနံဆီအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။
ရေနံကို ခေါ်ဆိုသော petroleum ဟူတဲ့ စကားလုံးဟာ ကျောက်မှထွက်သော ဆီလို့ အဓိပ္ပာယ်ရပါတယ်။ ထိုစကားလုံးဟာ ဂရိ ဝေါဟာရ petra (ကျောက်တောင်) နှင့် လက်တင်ဝေါဟာရ oleum (ဆီ) တို့ပေါင်းစပ် ဆင်းသက်လာတာ ဖြစ်ပါတယ်။ ရေနံကို ထုတ်ကုန်ပစ္စည်းများအားလုံးရဲ့ မိခင်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဓာတ်ဆီ၊ ဓာတုချည်မျှင်၊ ပလတ်စတစ် နှင့် အိမ်သုံး ဆေးဝါးအချို့အပါအဝင်များစွာသော ထုတ်ကုန်ပစ္စည်းများကို ရေနံမှထုတ်လုပ်ရသောကြောင့် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ သုံးစွဲနေတဲ့ ရေနံအားလုံးရဲ့ တစ်ဝက်ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် သုံးစွဲပါတယ်။ အမေရိကန်နိုင်ငံတွင် ပြည်တွင်း ရေနံချက်စက်ရုံများ အရေအတွက်တစ်ဝက်ကျော်ဟာ တက္ကဆက်စ်၊ လူဝီးစ်ရှားနားနှင့် ကယ်လီဖိုနီးယား ပြည်နယ်များတွင်ရှိပါတယ်။ တက္ကဆက်စ်ပြည်နယ်ဟာ အရံရေနံစည် ငါးဘီလံကျော်ရှိသဖြင့် အမေရိကန်နိုင်ငံရဲ့ ရေနံစိမ်းထုတ်လုပ်မှုတွင် ဦးဆောင်နေသော ပြည်နယ် တစ်ခု ဖြစ်လာပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။