မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်းဟာ ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဖက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ရမည်ဖြစ်ပါတယ်။အောင်လအန်ဆန်းနဲ့ ဗစ်တာလီဘစ်ဒက်ရှ်တို့ဟာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး နှစ်ပွဲထိုးသတ်ခဲ့ရာ တစ်ယောက်တစ်ပွဲစီ အနိုင်ရရှိထားတာဖြစ်ရာ ယခုတစ်ခါထိုးသတ်မယ့်ပွဲက အနိုင်အရှုံးကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

photo credit :Aung La Nsang(Burmese Python) 's facebook page
photo credit :Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်းဟာ မူလက စီစဉ်ထားသော နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရန်စီစဉ်ထားသော်လည်း ပျက်ပြယ်ပြီးနောက် ပြိုင်ဖက်ဟောင်း ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ရဲ့ ပွဲကို ဧပြီ(၁၀)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပမှာဖြစ်ပါတယ်။

photo credit :Aung La Nsang(Burmese Python) 's facebook page
photo credit :Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်းအနေနဲ့လည်း ချန်ပီယံကာကွယ်ပွဲဖြစ်တာကြောင့် အပြင်းအထန်ကြိုးစားပြင်ဆင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ အားပေးတဲ့ ပရိသတ်တွေအတွက် အပြင်းအထန်လေ့ကျင်နေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်ထက်တင်ပေးလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်းရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source:Aung La Nsang(Burmese Python) 's facebook page

photo credit :Aung La Nsang(Burmese Python) 's facebook page
photo credit :Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။