မိုးယုစံကတော့ တစ်ချိန်က အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်သလို အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သလို အငြိမ့်မင်းသမီးအဖြစ်လည်း ရပ်တည်နေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို ရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

photo credit : Moe Yu San 's facebook account
photo credit : Moe Yu San 's facebook account

ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိခဲ့တဲ့ သူမကတော့ ယခုမှာ သရုပ်ဆောင်အလုပ်တွေကို ရပ်နားထားပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုကို အချိန်အပြည့်အဝေပေးနေပါတယ်။ အေးချမ်းတဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ တည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Moe Yu San 's facebook account
photo credit : Moe Yu San 's facebook account

သီချင်းလေးနဲ့အတူ အိပ်ယာပေါ်မှာ လူးလိမ့်ခုန်ပေါက်ပြီး ကခုန်နေတဲ့ မိုးယုစံသားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးယုစံသားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ tiktok ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: Kaung Theinkha Moe Thu 's facebook account  

photo credit : Moe Yu San 's facebook account
photo credit : Moe Yu San 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။