လူတော်တော်များများကမိုးလေဝသအစီအစဉ်တွေဆို ကြည့်ဖို့ပျင်းတက်ကြပါတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့ ၊တကယ်လို့ မိုးလေဝသ အစီအစဉ်တင်ဆက်သူက ချော့ပေ့ဆိုတာထက် ခပ်ဟော့ဟော့သာဖြစ်နေရင်တော့ တီဗီရှေ့ကနေ ခွာနိုင်မှာမဟုတ်ပါဘူး။ 

အခုတွေ့နေရတဲ့ သူကတော့ မက္ကဆီကိုရုပ်သ ့လိုင်းတစ်ခုက မိုးလေဝသပိုင်း အစီအစဉ်တင်ဆက်သူမိန်းမလှလေးယာနက်ဂါစီယာပါ။ လက်ရှိမှတော့ ကမ္ဘာ့အဟော့ဆုံး မိုးလေဝသအစီအစဉ်တင်ဆက်သူ အဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။ဘာဖြစ်လို့လဲဆိုတော့က ပုံတွေကြည့်ရင်သိနိုင်လောက်ပါရဲ့။

အသက်က ၂၆နှစ်ပါ။အားပေးသူပရိသတ်တွေလည်း သူ့အတွက်ဆို စစ်တပ်နီးပါး အပြည့်အဝ ကာကွယ်ပေးတဲ့အထိ ချစ်ခင်ကြပါတယ်။ 

မိုးလေဝသ အစီအစဉ်တင်ဆက်တိုင်း ကိုယ်အလှ ပေါ်လွင်စေမယ့် ခပ်ကျပ်ကျပ်ဖက်ရှင်နဲ့ ဖမ်းစားတက်တာကလည်း သူ့အားသာချက်တစ်ခုပါ။Crush ခွင့်တော့ရှိပါတယ်။ အပိုင်တော့မရလောက်ပါဘူး။သူ့မှာ ချစ်ရတဲ့သူရှိပါတယ်။သူ့ ချစ်သူက Call of Duty player လည်းဖြစ်၊ YouTube စတား Doug Censor Martin အဖြစ်လည်း နာမည် ကျော်နေတဲ့ aka FaZe Censor ပါ။သူ့အင်စတာဂရမ်မှာတော့ သူလေကျင့်ခန်းပုံစံအလှတွေ ကြည့်နိုင်ပါတယ်။

https://www.instagram.com/iamyanetgarcia/

Source: Asia mail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။