ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ကျင်းပလာတာဟာ ယခုဆိုရင်ပွဲစဉ် (၉) ကို ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အသင်းတိုင်းရဲ့ ပြိုင်ဆိုင်မှုတွေကလည်းပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်တွေ အတွက်ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ယခုမှာဆိုရင်လည်း မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ယူ-၂၁ ပွဲစဉ်ဖြစ်တဲ့ ချင်းယူနိုက်တက်အသင်း အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ယင်းပွဲစဉ်မှာလည်းဇွဲကပင်ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို (၂-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူခဲ့ပါတယ်။ နှစ်ဖက်အသင်းကအပြန်အလှန်တိုက်စစ်ဆင်ကစားထားပြီး ဇွဲကပင်ယူနိုက်တက်အသင်းတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၈ မိနစ် မှာ Hein Htet Aung က သွင်းယူပေးခဲ့ပါတယ်။ ချင်းအသင်းကတော့ ပြန်လည် ချေပဂိုး သွင်းယူနိုင်ခြင်းမရှိပဲ ပထမပိုင်း မှာ ဇွဲကပင်ယူနိုက်တက် က တစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒုတိပိုင်းမှာတော့ ဇွဲကပင်ယူနိုက်တက်အသင်း အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ Lin Ar Yone က နောက်ထပ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ဇွဲကပင်ယူနိုက်တက်အသင်းက ချင်းအသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရယူပြီလည်းဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ယူ-၂၁ ပွဲစဉ် (၉) မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချင်းအသင်း နှင့်ဇွဲကပင်ယူနိုက်တက်အသင်း တို့ရဲ့ ပွဲရလဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။