အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကိုကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သက်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း လူစုလူဝေးများပြားသော နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့် အတွက် အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် မတ်လ ၁၃ ရက်တွင် လမ်းညွှန် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

နိုင်ငံတကာရှိ ထင်ရှားသည့် အားကစားပြိုင်ပွဲများ လိဂ်ပြိုင်ပွဲများ အနေဖြင့်လည်း ပြိုင်ပွဲအား ယာယီ ရပ်ဆိုင်းထား၍ လည်းကောင်း၊ ပရိသတ်မပါဘဲ (ကွင်းပိတ်) ကစား၍လည်းကောင်း ဗိုင်းရပ်ကူးစက်မှုမခံရရေး အတွက် ဆောင်ရွက်နေကြပြီလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ လိဂ်ကော်မတီဝင်များ အနေဖြင့် မနေ့က မွန်းလွဲပိုင်းတွင် အစည်းအဝေး တစ်ရပ်ကျင်းပ၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ဧပြီလ ၃၀ ရက်ထိ မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်များနှင့် လူငယ်ပွဲစဉ်များ၊ ကျင်းပရန်ရှိသည့် အခြားပွဲစဉ်များအား ပရိသတ် မပါဘဲ (ကွင်းပိတ်) ကစားစေရန်၊ လူစုလူဝေးဖြင့် ကျင်းပရမည့် ဘောလုံး လှုပ်ရှားမှုများအားလုံး ခေတ္တရပ်ဆိုင်းထားရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook page

ဒါ့အပြင် နိုင်ငံခြားသား ကစားသမားများအား ပြည်ပသို့ ပြန်မည်ဆိုပါက ပြန်ခွင့်ပြုမည်ဖြစ်သော်လည်း COVID-19 Virus စိုးရိမ်ဆဲ ကာလအတွင်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်မပြုရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။COVID-19 Virus နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)၊ အာရှဘောလုံး အဖွဲ့ချုပ်(AFC) တို့နှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ အာရှဖလားခြေစစ်ပွဲစဉ်များ၊ ထူးခြားဖြစ်စဉ်များ၊ ပြိုင်ပွဲရွှေ့ဆိုင်းမှုများနှင့် အခြား သတင်းအချက်အလက်များအား ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။