MPT Myanmar National League Youth (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၁၃ ရက်နေ့ ညနေ လေးနာရီက တက္ကသိုလ်ဘောလုံးကွင်းတွင် တက္ကသိုလ်လက် ရွေးစင် ယူ-၂၁ အသင်းနှင့် ချင်းလန်းယူ-၂၁ အသင်းတို့ကစားခဲ့ရာ ချင်းလန်းအသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ပင်နယ်တီရခဲ့ပြီး အဆိုပါ ပင်နယ်တီအား ရဲမင်းဦးမှ အမှားအယွင်းမရှိ ကန်သွင်းကာ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းလန်းအသင်းမှ ချေပ ဂိုးပြန်လည်ရခဲ့ပြီး Lang Muan Sang က သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ဒုတိယပိုင်းတွင် ပွဲစဉ်သည် ပထမပိုင်းထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ဂိုးရမည့် အခွင့်အရေးအချို့ နှစ်သင်းစလုံး ကိုယ်စီရခဲ့ကြပါတယ်။ ပွဲချိန် ၈၁ မိနစ်တွင် ချင်းလန်းအသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဝေယံထွန်းက သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

လက်ကျန် မိနစ်များတွင် တက္ကသိုလ်လက်ရွေးစင် အသင်းမှ ချေပဂိုး မသွင်းနိုင်သည့်အတွက် ချင်းလန်းအသင်းမှ အနိုင်ရခဲ့ပါတယ်။ချင်းလန်း ယူ-၂၁ အသင်းသည် ကိုးပွဲကစားပြီးချိန်တွင် ငါးပွဲနိုင်၊ တစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၆ မှတ်ရထားပြီး တက္ကသိုလ် လက်ရွေးစင် ယူ-၂၁ အသင်းသည် ရှစ်ပွဲ ကစားပြီးချိန်တွင် လေးပွဲ နိုင်၊ လေးပွဲ ရှုံး ရမှတ် ၁၂ မှတ်ရရှိထားပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။