ကျင်းပလျှက် ရှိသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပထမအကျော့၏ လက်ကျန် ပွဲစဉ်များကို လက်ရှိတွင် ဖြစ်ပွားလျှက်ရှိသည့် COVID-19 အဆုတ်ယောင် ကူးစက်ရောဂါမှ ကာကွယ်နိုင်ရန် အတွက် ကွင်းပိတ်ကျင်းပသွားမည့် အပြင် မတ်လအတွင်း အပြီးကျင်းပသွားရန် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများနှင့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြပါတယ်။COVID-19 ကြောင့် မြန်မာ့လက်ရွေးစင် အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရာ ပထမအကျော့ လက်ကျန်ပွဲများဖြစ်သည့် ပွဲစဉ် ၁၀ ကို မတ်လ ၂၈၊ ၂၉၊ ပွဲစဉ် ၁၁ ကို ဧပြီ ၄၊ ၅ ရက်များ၌ ရှေ့တိုး ကျင်းပသွားရန် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများနှင့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

မတ်လ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေငြာချက် အမှတ် ၁/၂၀၂၀ အရ မြန်မာနေရှင်နယ်လိဂ် ကော်မတီ၏ လမ်းညွှန်မှုနှင့် အညီ ကလပ်အသင်းများအား ဖိတ်ခေါ်ကာ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပွဲများ အားလုံးကို မနက်ဖြန် မတ် ၁၄ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကွင်းပိတ်ကျင်းပ သွားရန် ဆုံးဖြတ်ခဲ့သည့် အပြင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ နှင့် ၁၁ ပွဲစဉ်များကို မတ်လအတွင်း အပြီးကျင်းပသွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ထို ပွဲများကို ရှေ့တိုးကျင်းပရာတွင် အသင်းပိုင်ရှင်များ၏ တောင်းဆို သဘောတူညီချက် အရ အဆိုပါ ပွဲစဉ် ၂ ခုမှ ပွဲများအားလုံးကို မူလစီစဉ်ထားသည့် ကွင်းများတွင် ကျင်းပသွားမည် မဟုတ်ဘဲ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် YUSC ကွင်း နှစ်ကွင်းတွင်သာ ကျင်းပသွားမည် ဖြစ်ပါတယ်။ ထိုသို့ ပြိုင်ပွဲကျင်းပသည့် ရက်များနှင့် ကျင်းပသည့် ကွင်းများ ပြောင်းလဲရာတွင် မျှတမှု ရှိစေရန် အတွက် အသင်းများအား မဲနှိုက်စေပြီးမှ ပွဲစဉ်ဇယားကို ပြန်လည် ပြင်ဆင်ရေးဆွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။