ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ Facebook သုံးစွဲခွင့်နဲ့ပတ်သက်ပြီး ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှစတင်ပြီး အသက်၁၃ နှစ်ပြည့်ပြီးသူ e mail address တစ်ခုရှိ သူတိုင်းကို Facebook သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါတယ်။

photo credit pngtree

၂၀၀၇ ခုနှစ်မှာတော့ Facebookမှာ လုပ်ငန်းကြေညာတဲ့ စာမျက်နှာပေါင်း တစ်သိန်းအထိ ရှိလာခဲ့ပါတယ်။ ထို့ကြောင့် အဲ့နှစ် အောက်တိုဘာလမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက Facebookရဲ့ ရှယ်ယာ ၁ ဒသမ ၆ ရာခိုင်နှုန်း(ဒေါ်လာ သန်း ၂၄၀)ကို ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။၂၀၀၈ ခုနှစ်မှာတော့ ဖေ့စ်ဘွတ်ကို မိုဘိုင်းဖုန်းများဖြင့် အသုံးပြုနိုင်ရန် မိုဘိုင်း အပလီကေးရှင်းတစ်ခုကို အိုင်ဖုန်းများအတွက် စတင် ထုတ်လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ i Phone နှင့် i Pad များအတွက်သာမက အန်းဒရွိုက် ဆော့ဖ်ဝဲလ်သုံး မိုဘိုင်းဖုန်းများအတွက်ပါ အပလီကေးရှင်းများ ထုတ်လုပ်ခဲ့သဖြင့် ယခုအခါတွင် မိုဘိုင်းဖုန်းများဖြင့် ဖေ့စ်ဘွတ်ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေကြပါတယ်။

photo credit pngtree

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ဖေ့စ်ဘွတ်သုံးစွဲသူ အချင်းချင်း စာဖြင့်သာမက အသံဖြင့်ပါစကား ပြောနိုင်တဲ့ Messanger မိုဘိုင်း အပလီကေးရှင်းကို တီထွင်နိုင်ခဲ့ပါတယ်။ ဖေ့စ်ဘွတ် သုံးစွဲသူ တိုင်း Messanger ကို တွင်ကျယ်ကာ အသုံးပြုခဲ့ကြသဖြင့် Google က ထုတ်လုပ်ခဲ့သော G Talk ကို သုံးစွဲသူ နည်းပါးသွားခဲ့ပါတယ်။ နှစ်နဲ့ချီတဲ့ အချိန်ကာလအတွင်းမှာ ကမ္ဘာပေါ်ရှိ လူများအား တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု လူမှုကွန်ရက်ကို အကြီးအကျယ် ပြောင်းလဲတိုးတက်စေခဲ့တဲ့ ဖေ့စ်ဘွတ်ဟာ နောက်ထပ်သော ဝန်ဆောင်မှုအသစ်များဖြင့် သုံးစွဲသူများအား ဘယ်လိုဆက်လက် ဆွဲဆောင်ထားမလဲဆိုတာက စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။