ကမ္ဘာ့ နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19) ကြောင့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပထမအကျော့ လက်ကျန်ပွဲစဉ်များကို ကွင်းပိတ်ကျင်းပမည်ဖြစ်သလို နေ့ရက်နှင့် ကွင်း ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ကြေငြာထားပါတယ်။

photo credit : shan united fc' s facebook page
photo credit : shan united fc' s facebook page

ထိုသို့ပြောင်းလဲကျင်းပရာတွင် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ယှဉ်ပြိုင်ကစားရမည့် ရှမ်းယူနိုက်တက်၏ ပွဲစဉ် (၂) ပွဲကို အောက်ဖော်ပြပါ အတိုင်း မတ်လထဲသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ပါတယ်။ပွဲစဉ် (၁၀ရှမ်းယူနိုက်တက် Vs ဆောက်သမ်းမြန်မာ - ၂၄.၃.၂၀၂၀ (အင်္ဂါနေ့) - ညနေ ၄းဝ၀ နာရီ၊ သုဝဏ္ဏကွင်းပွဲစဉ် (၁၁)ရှမ်းယူနိုက်တက် Vs ရခိုင်ယူနိုက်တက် - ၃၀.၃.၂၀၂၀ (တနင်္လာနေ့) - ညနေ ၄းဝ၀ နာရီ၊ ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း တို့ဖြစ်ပါတယ်။

photo credit : shan united fc' s facebook page
photo credit : shan united fc' s facebook page

အထက်ပါ ရက်ရွှေ့ပြောင်းကျင်းပသည့် ပွဲစဉ်များအပါအဝင် ၂၀၂၀ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ ကျင်းပမည့် ပွဲစဉ်များအားလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမည်ဖြစ်သည့်အပြင် ဘောလုံးပွဲတိုင်းတွင် ပုံမှန်ပြုလုပ်နေကျဖြစ်သည့် လက်ဆွဲနှုတ်ဆက်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က တရားဝင်ထုတ်ပြန်ထားပါတယ် ။

source: shan united fc' s facebook page

photo credit : shan united fc' s facebook page
photo credit : shan united fc' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။