ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကနေဒါနိုင်ငံမှ ထင်ရှားသော ဘန့်ဖ်တောင်တစ်လုံးကို အမျိုးသားဥယျာဉ်အဖြစ် ထူထောင်ထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပါ။ ၁၈၈၅ ခုနှစ်တွင် တည်ထောင်ခဲ့တဲ့ ဘန့်ဖ်တောင်ဟာ ကနေဒါနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံးအမျိုးသား ဥယျာဉ်ဖြစ်ပြီး အယ်လ်ဘာတာပြည်နယ်၊ ကယ်လ်ဂရီအနောက်ဘက် ကီလိုမီတာ ၁၁၀ မှ ၁၈၀ အတွင်းရှိ ရော်ကီတောင်တန်းနေရာ ဘိုးမြစ်ဝှမ်းမှာ တည်ရှိပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ဘန့်ဖ်တောင်ဟာ ၆၆၄၁ စတုရန်းကီလိုမီတာ(၂၅၆၄ စတုရန်းမိုင်) ကျယ်ဝန်းလျက်ရှိပြီး များစွာသော ရေခဲတောင်များ၊ ရေခဲနေသည့် ကွင်းပြင်များ၊ ထူထပ်စွာ ပေါက်ရောက်နေတဲ့ ကတော့ပုံ အပင်တောများနှင့် ထင်းရူးဥယျာဉ်များရှိသော တောင်ကုန်းဒေသဖြစ်ပါတယ်။ ဘန့်ဖ်ရဲ့ မောက်ဘက်မှာ ဂျက်စ်ပါ အမျိုးသားဥယျာဉ်တည်ရှိကာ ဥယျာဉ်နှစ်ခုအကြားကို ရေခဲပြင်များက ဆက်သွယ်ထားပါတယ်။ ဘန့်ဖ်ရဲ့ အနောက်ဘက်တွင် ပြည်နယ်သစ်တောများနှင့် ယိုဟိုအမျိုးသားဥယျာဉ်ရှိကာ တောင်ဘက်တွင် ကုတီနေးဥယျာဉ် နှင့် အရှေ့တောင်ဘက်တွင် ကာနန်းစကီစ် ဥယျာဉ်တို့ တည်ရှိနေကြပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ကနေဒါ ပစိဖိတ် မီးရထားလမ်းဟာ အစောပိုင်းကာလများက ဘန့်ဖ်ရဲ့ အရေးပါသော ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ခဲ့ကာ ဘန့်ဖ် ရေပူစမ်းဟိုတယ်နှင့် Chateau Lake Louise တို့ကတော့ ကျယ်ပြန့် များပြားသော ကြော်ငြာများမှ တစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၂၀ ရာစုအစပိုင်း၊ ပထမကမ္ဘာစစ်အတွင်းတွင် ဘန့်ဖ်မှာ မော်တော်ကားလမ်းများ ဖောက်လုပ်ခဲ့ပါတယ်။ ထိုအချိန်ဟာ စီးပွားရေးကျဆင်းမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ချိန်ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။