ပရိသတ်ကြီးရေ MPT Myanmar National League ll 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ်(၇)ကို ယှဉ်ပြိုင်လို့ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရည်တွေနဲ့ ယှဉ်ပြိုင်သွားခဲ့တာကို ပရိသတ်တွေလည်းမြင်တွေ့ခဲရပြီလည်းဖြစ်မှာပါ။ ပွဲစဉ်(၇) အပြီး အမှတ်ပေးဇယားရပ်တည်မှုကို တင်ပြရမယ်ဆိုရင် Junion Lions အသင်းက ရမှတ် ၁၈ မှတ်ဖြင့် အဆင့်နေရာမှာ ဦးဆောင်နေပြီး ချင်းလန်းအသင်း က Junion Lions အသင်းနှင့် ရမှတ်တူဂိုးကွာခြားချက်ဖြင့် အဆင့် ၂ နေရာကိုရောက်ရှိခဲ့ရပါတယ်။

Photo Credit - Myanmar National League II Facebook Page

လက်ရှိမှာ မြဝတီအသင်း က ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၃ ၊တက္ကသိုလ်များအသင်း က ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၄ ၊ မောရဝတီ အသင်းက ရမှတ် ၉ မှတ်ဖြင့် အဆင့် ၅ ၊ ငွေကြယ်ပွင့်များအသင်းက ရမှတ် ၅ မှတ်ဖြင့် အဆင့် ၆ ၊ ကချင်ယူနိုက်တက်အသင်း က ရမှတ် ၄ အဆင့် ၇ နှင့် ယောမြေအသင်းကတော့ ရမှတ် တစ်မှတ်မှ မရရှိသေးသဖြင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေခဲ့ပါတယ်။

Photo Credit - Myanmar National League II Facebook Page

ဆက်လက်ပြီး ပွဲစဉ်(၇) အပြီး အသင်းတိုင်းရဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲရလဒ်တွေကိုတင်ပြရမယ်ဆိုရင် ငွေကြယ်ပွင့်များအသင်း (ဝ-၁) မောရဝတီအသင်း ၊ ကချင်ယူနိုက်တက်အသင်း (ဝ-၃) ချင်းလန်းအသင်း ၊ ယောမြေအသင်း (ဝ-၁၁) Junion Lions အသင်းတို့ အသီးသီး ယှဉ်ပြိုင်သွားကြပါတယ်။ ကဲ… ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ Myanmar National League ll 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) အပြီး ပွဲရလဒ် နှင့် အမှတ်ပေးဇယားရပ်တည်မှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League II Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။