ရမှတ်ကွာခြားမှု (၂)မှတ်သာရှိတဲ့ Sport&Education အသင်း နဲ့ မြဝတီအသင်း တို့ရဲ့ တွေ့ဆုံမှုဟာ KBZ BANK WOMEN's LEAGUE 2016-2017 ပထမအကျော့ပွဲစဉ်များရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်သလို ရာသီဝက်ချန်ပီယံအတွက် အဆုံးအဖြတ်ပွဲစဉ်လည်းဖြစ်ပါတယ်။ 

ဒီပွဲစဉ်ကိုတော့ မေလ (၂၉)ရက်နေ့ အောင်ဆန်းကွင်း၊ ညနေ (၄)နာရီအချိန်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Sport&Education FC နဲ့ မြဝတီအသင်း (၂)သင်းစလုံးဟာ (၅)ပွဲယှဉ်ပြိုင်အပြီးမှာ ပေးဂိုး (၁)ဂိုးသာခွင့်ပြုထားတာကြောင့် KBZ BANK WOMEN's LEAGUE 2016-2017 ရာသီဝက်မှာ အတောင့်တင့်ဆုံး ဂိုးသမားနဲ့ နောက်တန်းကို ပိုင်ဆိုင်ထားတဲ့အသင်း (၂)သင်းပါ။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက အနိုင်ရပြီး ရာသီဝက်ချန်ပီယံဖြစ်သွားမလဲဆိုတာ သိရဖို့ အောင်ဆန်းကွင်း၊ မေလ (၂၉)ရက်နေ့၊ညနေ (၄)နာရီမှာ ကစားကြမှာဖြစ််လို့ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာကိုတော့…?

Source: MFF

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။