ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ မတော်တဆတစ်ခုကြောင့် ဘေးဒုက္ခကျရောက်ခဲ့တဲ့ "Chernobyl Disaster Vehicles" ချာနိုဘိုင် ယာဉ်များနှင့် အဆောက်အုံများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာပါ။ ချာနိုဘိုင်ဆိုတာကတော့ နျူကလီးယား ဓာတ်ပေါင်းဖိုကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် ဝမ်းနည်းကြေကွဲစရာတွေ ဖြစ်ခဲ့သလို သမိုင်းမှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီ နျူကလီးယား မတော်တဆ ဖြစ်ပျက်ခဲ့မှုကြောင့် လူများနှင့် အဆောက်အအုံများကိုသာ ဓာတ်ရောင်ခြည် ဘေးဒဏ်သင့်စေခဲ့တာမဟုတ်ဘဲ မီးငြိမ်းသတ်မှုနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့တဲ့ မော်တော်ယာဉ်များဟာလည်း ရောင်ခြည်ဒဏ်သင့်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ မော်တော်ယာဉ် အများအပြားကို ကားသင်္ချိုင်းလိုနေရာမှာ စုပုံထားခဲ့တာ ဖြစ်ပါတယ်။ အများဆုံးကတော့ "Rassokha"လို့ အမည်ရတဲ့ ကားသင်္ချိုင်းမှာပဲ ဖြစ်ပါတယ်။ ချာနိုဘိုင် နျူကလီးယား ဓာတ်ပေါင်းဖို နေရာကြီးသို့ ဦးစွာရောက်ရှိခဲ့တဲ့ မီးသတ်ယာဉ်များကို နက်ရှိုင်းစွာ တူးထားတဲ့ မြေကျင်းများမှာ မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
ထိုကားသင်္ချိုင်းအများစုရဲ့ အလယ်မှာ မီးသတ် ရဟတ်ယာဉ်များကိုလည်း အများဆုံးစုပုံထားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည် သင့်နိုင်တဲ့ အန္တရာယ်များရှိတာကြောင့် ယူကရိန်းအစိုးရက ကားသင်္ချိုင်းများအတွင်းသို့ ဝင်ရောက်ကာ ယာဉ်များမှ သတ္ထုအပိုင်းအစများကို ယူဆောင်ရန် ကြိုးပမ်းသူများအား ဖမ်းဆီးလေ့ရှိပါတယ်။ တစ်ခါက ယူကရိန်း ရဲများဟာ ကားသင်္ချိုင်းအတွင်း ဝင်ရောက်ကာ "Mi 8" ရဟတ်ယာဉ် တစ်စီးအား coffee ဆိုင်ခိုးဖွင့်ရန် ကြိုးပမ်းခဲ့သူများကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။