မင်းသမီးချောလေးခြူးလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ mrtv4 မှာ ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေကို ရိုက်ကူးနေသလို ပွဲတွေကိုလည်း တတ်ရောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit : Chue Chue 's facebook account
photo credit : Chue Chue 's facebook account

တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ပွဲတတ်လာရင်း အနုပညာညီအကို မောင်နှမတွေနဲ့ တွေ့ရလို့ ပျော်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။

photo credit : Chue Chue 's facebook account
photo credit : Chue Chue 's facebook account

သူမကတော့ " မနေ့က ခြူးလေးရဲ့ နီနီးလေး ဘဲသီချင်းလေး MV လေး ရိုက်ပြီးMyanmar Media 7 ပွဲလေးအပြေးလေး တက်ရင်း....ခုတော့ မမအေး လေး အဖြစ် ဝါးခယ်မ မှာရိုက်နေပါပြီ ရှင့် " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခြူးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Chue Chue 's facebook account 

photo credit : Chue Chue 's facebook account
photo credit : Chue Chue 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။