လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း အဆောက်အအုံ၊ ဗိသုကာလက်ရာများ၊ ရုပ်ထုများကို ကမ္ဘာ့ ထူးဆန်းအံ့သြဖွယ် စာရင်းမှာ ထည့်သွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့လို အံ့ဖွယ်စာရင်း ပြုစုကြတဲ့အခါမှာ သဘာဝအလျောက်တည်ရှိနေတဲ့ အရာများ ပါဝင်သလို လူသားများပြုလုပ်ထားခဲ့တဲ့ အရာများလည်း ပါဝင်တာ ဖြစ်ပါတယ်။ အဲ့ထဲ့ကမှ လူသားတို့ပြုလုပ်ခဲ့ကြတဲ့ "Easter Island" အီစတာကျွန်းပေါ်ရှိ ကမ္ဘာကျော် "Moai" မွိုင်ရုပ်ထုများအကြောင်းကို မျှဝေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာကျော် မွိုင်ရုပ်ထုများ(Moai)ဟာ အထီးကျန်ဆုံးသော ကျွန်းတစ်ခုဖြစ်လို့ပြောရမယ့် အီစတာကျွန်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ထိုရုပ်ထုများအား အီစတာကျွန်းကို ပိုနီနေးရှားများဟာ ကိုလိုနီပြုခဲ့စဉ် အခါတုန်းက ခရစ်နှစ် ၁၂၅၀ နှင့် ၁၅၀၀ အတွင်း အများဆုံးထုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ခဲ့သော ဘိုးဘွားဘီဘင်များကို ကိုယ်စားပြုနိုင်ရန် မွိုင်ရုပ်ထု များအား စွမ်းရည်ကြီးမားသော ရှေးဟောင်းအကြီးအကဲများရဲ့ ပုံစံကို ယူပြီး ထုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

photo credit pngtree

ထိုကျွန်းပေါ်ရှိ ရုပ်ထုများအနက် အမြင့်ဆုံးရုပ်ထုဟာ ပါရိုရုပ်ထုဖြစ်ပြီး ၁၀ မီတာ အမြင့်ရှိကာ ၇၅တန် အလေးချိန်ရှိတာ ဖြစ်ပါတယ်။ ကျွန်းပေါ်သို့ ဥရောပတိုက်သားများ ပထမဦးဆုံး စတင်ရောက်ရှိလာချိန်မှာ ရုပ်ထုများဟာ ကျွန်းပေါ်တွင် ကျန်ရှိနေခဲ့ပါတယ်။ သို့သော် ရုပ်ထု အများစုဟာ မျိုးနွယ်စုများ အချင်းချင်း အငြင်းပွားမှုများကြောင့် လှဲချ ဖျက်ဆီးခံခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ အီစတာကျွန်းပေါ်မှာ မွိုင်ရုပ်ထုပေါင်း ၅၀ ခန့်ရှိနေပြီး အီစတာဟာ ကျွန်းတစ်ခုအဖြစ်သာမက ပြတိုက်တစ်ခု သဖွယ်ဖြစ်နေပါတော့တယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။