ပရိသတ်ကြီးရေ MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို များစွာရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းပဲဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေ၊ချိုသာစွာပြောဆိုတက်မှုတွေနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသယောကျ်ားလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။

Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ သူမက ရုပ်ရှင်ဇာတ်လမ်းတွဲတွေဆက်တိုက်ရိုက်ကူးနေပြီး ကြော်ငြာတွေကိုလည်းရိုက်ကူးကာ ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက မကြာသေးမီက သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ချစ်စရာကောင်းတဲ့ ကလေးဆန်ဆန်ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ " အဲ့ဒါဘယ်သူလဲ ? ? ?( ဇာတ်လမ်းထဲမှာ ယဉ်ယဉ်လေးရူး အပြင်မှာတော့ သွတ်သွတ်ခါရူးသူပါ )"ဆိုတဲ့ စာသားလေးကိုလည်း စနောက်ပြီးပြောဆိုရေးသားထားတာကြောင့် သူမရဲ့ ပရိသတ်တွေက အချစ်ပိုနေကြတာ အမှန်ပါပဲနော်...။

Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account

နန်းစန္ဒာလှထွန်းက လိမ္မာရေးခြားရှိပြီး မိဘအပေါ်သိတက်လွန်းတာကြောင့် သူမရဲ့ ပရိသတ်တွေသာမကပဲ အနုပညာရှင် ညီအကို မောင်နှမတွေကပါ ဝိုင်းပြီး ချစ်နေကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာ ဇာတ်ကားတွေကို ကြိုးစားရိုက်ကူးနေတဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းရဲ့ အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account
Photo credit - Nan Sandar Hla Htun 's FB account

Source & Photo credit - Nan Sandar Hla Htun 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။