ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့သူတွေအတွက် ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ "Potato house" အာလူးအိမ် အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားဖတ်ရှုရအောင် ပုံရိပ်တွေနဲ့တကွ မျှဝေတင်ဆက်ပေးသွားမှာပါ။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အဆိုပါ ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အိမ်အမှတ် 9 Jl. Dharmawangsa မှာတည်ရှိပြီး အာလူးအိမ်လို့ လူသိများတာ ဖြစ်ပါတယ်။ အဆိုပါ အိမ်လေးရဲ့ ခြောက်ခြားစရာကောင်းတဲ့ အကြောင်းကို အပြောများလာတာကြောင့် လူမနေရဲတော့အထိ ဖြစ်လာပါတယ်။ အိမ်လေးရဲ့ အပြင်ပန်းကို ကြည့်မယ်ဆိုရင် ချစ်စဖွယ် နေချင်စရာ ကောင်းပေမယ့် တစ်ကယ်တမ်းသူရဲ့ အဖြစ်မှန်ကို ပရိသတ်ကြီးအနေနဲ့ သိသွားမယ်ဆိုရင် ကြက်သီးမွှေးချင်းတွေတောင် ထလာလောက်ပါတယ်။ 

photo credit pngtree

အဲ့ဒီ အိမ်ရဲ့ အဖြစ်လေးကတော့ ဒီလိုပါ...။ စားစရာ ထုတ်ကုန် အတွက် အာလူး ကျိုချက်နေစဉ် အိမ်မှာရှိတဲ့ ကလေးငယ်လေးက အာလူးကျိုနေတဲ့ အိုးကြီးထဲသို့ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့လို အိုးကြီးထဲသို့ ပြုတ်ကျသွားခဲ့တဲ့ ကလေးငယ်လေးကို ရှာဖွေတဲ့အခါမှာ အစအနတောင် မတွေ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဲ့ဒီအိမ်လေးဟာ နှစ်ကာလတွေ ကြာခဲ့ပေမယ့် အိမ်ထဲကို ဘယ်အချိန်ဝင်ဝင် အာလူးပြုတ်နံ့တွေ ရနေတတ်ပြီး အဲ့ဒီအိမ်ရဲ့နားက ဖြတ်သွားတဲ့ သူတွေဟာ ကလေးငယ်လေးရဲ့ ငိုသံကြားရတယ်လို့ ဆိုပါတယ်။ နောင်လည်း အခုလိုမျိုး သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။