အရမ်းချစ်ကြတဲ့ စုံတွဲလေးတွေ သတိထားသင့်တဲ့ သတင်းလေးကို တင်ပြပေးလိုက်ပါတယ်။

ထိုင်ဝမ်မှာရှိတဲ့ ၃နှစ်ကြာတွဲခဲ့တဲ့ စုံတွဲလေးအကြောင်းပါ။ဖြစ်ပုံကလည်းဆန်းတာလှပါဘိ။ 

ထိုင်ဝမ်မှာရှိတဲ့ အင်တာနက်သုံးစွဲသူတွေကြားပျံ့နှံ့နေတဲ့ သတင်းအရ ထိုင်ဝမ်း အမျိုးသားတစ်ယောက်က သူချစ်ရတဲ့ မိနန်းကလေးပြောခဲ့တဲ့ ကတိကိုအမြဲတစေနားလည်း လက်ခံစောင့်ထိန်းခဲ့ပါတယ်။အဲ့ကတိစကားကတော့ “ငါ့အခန်းကိုမဝင်နဲ့”လို့မိန်းကလေးက တောင်းဆိုထားတာပါ။ယောကျင်္ားလေးကလည်း ကတိတည်တဲ့အနေနဲ့ ဘယ်တော့မှာ မိန်းကလေးအခန်းထဲ မဝင်ခဲ့ပါဘူး။အဲ့လိုနဲ့တွဲလာတာ ၃နှစ်ကြာချစ်ခရီးလမ်းကို ဖြတ်သန်းခဲ့ပြီးပါပြီ။မိန်းကလေးတောင်းဆိုတဲ့ ကတိကလည်းသူတို့ချစ်စုံတွဲ သက်တမ်းတလျှောက် တစ်ခုတည်းသော စည်းမျဉ်းတစ်ခုပါ။

တစ်နေ့မှာတော့…ယောကျင်္ားလေးဖြစ်သူက သူ့ချစ်သူမိန်းကလေးရှိရာအိမ်သို့အလည်သွားချိန်မှာပဲ သူတို့ချစ်ခရိးလမ်း အဆုံးသတ်ခဲ့ရပါတယ်။အဲ့တာကတော့ သူရောက်နေချိန်မှာ သူ့ချစ်သူမိန်းကလေးက ရေချိုးနေချိန်ပါ၊အဲ့အချိန်မှာ ချစ်သူမိန်းကလေးအမေက သူ့ကို အကူအညီ တစ်ခုတောင်းပါတယ်။အဲ့တာကတော့ ချစ်သူမိန်းကလေးဝတ်ဖို့အဝတ်အသစ်တစ်ထည် အခန်းထဲကနေ သွားယူပေးပါလို့ ဆိုလိုက်တာပါ။သူ့စိတ်ထဲမှတော့ ဒါဟာတစ်ခုခုကိုဖန်တီးနေတယ်လို့ ခံစားရသလို ပျော်ရွှင်နေမိတယ်လေ။သူ့ပျော်ရွှင်မှုတွေ ရပ်တန့်သွားပါတယ်။အဲ့တာကတော့ သူ့ချစ်သူမိန်းကလေးအခန်းထဲ ကမြင်ကွင်းကိုမြင်လိုက်ရလို့ပါ။ 

ညစ်ပတ်နေတဲ့အဝတ်အစားတွေ၊ရှုပ်ပွနေတဲ့ အခန်းတွင်းပစ္စည်းတွေ၊အမှိုက်တွေအပြင် တစ်ကိုယ်ရည်သုံးအမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကနေရာအနှံ့မှာရှိနေသလို ခြေချလို့တောင်မရပါဘူး၊သူကြောက်လန့်တကြားအထိ်တ်တလန့်ဖြစ်ကာအခန်းတွင်းထဲကနေ ပြေးထွက်လာပါတယ်။ သူ့ပြေးထွက်လာမှုကို ချစ်သူမိန်းကလေးတွေ့လိုက်ချိန်မှာတေ့ စည်းမျဉ်းကချိုးဖောက်သွားပါပြီး၊စည်းမျဉ်းချိုးဖောက်မှုနောက်မှာတော့ ၃နှစ်ကြာချစ်ခရီးလမ်းအဆုံးသတ်ခဲ့ပါပြီ။

(သတိ သင့်အခန်းကို သင့်ချစ်သူမဝင်ပါစေနဲ့)

Source: Asia Mail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။