မင်းသမီးချောလေးအေးမြတ်သူကတော့ အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်ထားနိုင်တဲ့အထိ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရရှိထားတဲ့ သူမကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရပ်တည်ထားနိုင်ပြီး သရုပ်ဆောင်ပိုင်းမှာ ပြောစရာမရှိအောင် သရုပ်ဆောင်ကောင်းလွန်းသူတစ်ယောက်ဖြစ်ပါတယ်။

photo credit : zaw myo htet ( galaxy)
photo credit : zaw myo htet ( galaxy)

သူမရဲ့ ပါးချိုင့်လေးနဲ့ ပြုံးလိုက်တဲ့ ချစ်စရာအပြုံးလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကို အကြွေကြီးကြွေစေခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်လပ်ပျော်ရွှင်စွာနေထိုင်ပြောဆိုတတ်တဲ့ သူမကတော့ ယခုမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲတွေကို တတ်ရောက်လျက်ရှိနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရသူလေးပဲဖြစ်ပါတယ်။

photo credit :Aye Myat Thu 's facebook page
photo credit :Aye Myat Thu 's facebook page

သူမကတော့ မင်းသမီးတစ်ယောက်ပီပီ အမိုက်စားအိုင်တင်လေးတွေနဲ့ သရုပ်ဆောင်ထားပြီး ပရိသတ်တွေအူတတ်အောင် ရယ်နေရတဲ့ အေးမြတ်သူရဲ့ tiktokဗီဒီယိုလေးကို ချပြလာခဲ့ပါတယ်။ သူမရဲ့ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူပရိသတ်တွေများပြာနေတာပဲ ဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source:Aye Myat Thu 's facebook page

photo credit :Aye Myat Thu 's facebook page
photo credit :Aye Myat Thu 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။