ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ ဖို့ဒ်ကား ကုမ္ပဏီရဲ့ ပင်မပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ Henry Ford ဟာ မော်တော်ကားလုပ်ငန်းတွေသာမက လေယာဉ်လုပ်ငန်းကိုလည်း ကြိုးစွားဆောင်ရွက်ခဲ့ပါတယ်။ ဒီအကြောင်းလေးကို မတင်ဆက်သေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ TV program တွေကိုလည်း အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာမလို့ လက်မလွတ်တမ်း ကြည့်ရှုခံစားရအောင် Myanmarload page လေးကို like and follow လုပ်ထားကြပါနော်။

photo credit pngtree

ဖို့ဒ်ဟာ အခြား ကားကုမ္ပဏီများလိုပဲ ပထမ ကမ္ဘာစစ်အတွင်းမှာ လေယာဉ် ထုတ်လုပ်မှု ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါတယ်။ ပထမကမ္ဘာစစ် ပြီးဆုံးပြီးနောက် မော်တော်ကားများကို ပြန်လည် ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတောက် မီတယ် လေယာဉ် ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ဖို့ဒ် ထုတ်လုပ်ခဲ့တဲ့ သတ္ထုငန်းရိုင်းဟု ထင်ရှားခဲ့သော ( Ford 4AT Trimotor) လေယာဉ်ဟာ အထူးအောင်မြင်မှု ရရှိခဲ့ပါတယ်။ သံချေးမတက်တဲ့ သတ္ထုပြားများဖြင့် တည်ဆောက်ကာ သတ္ထုစပ် အလွိုင်းများကို အသုံးပြုခဲ့ပါတယ်။

photo credit pngtree

လေယာဉ် အင်ဂျင်ဟာ ဖော်ကာ လေယာဉ် အင်ဂျင်များနှင့် တူညီပြီး ထိုလေယာဉ်ကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပထမဆုံး ပျံသန်းခဲ့ပါတယ်။ အမေရိကန် လေယာဉ် ပျံသန်းမှုသမိုင်းမှာ ပထမဆုံးသော လူ ၁၂ ယောက် စီးနင်းလိုက်ပါနိုင်တဲ့ ခရီးသည်တင် လေကြောင်း လိုင်း ဖြစ်လာခဲ့ပါတယ်။ အမေရိကန် ကြည်းတပ်က ထိုလေယာဉ်များအား အကြိမ်များစွာ အသုံးပြုခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် အမေရိကန်နိုင်ငံ စီးပွားရေး ကျဆင်းချိန်အထိကို "Ford 4AT Trimotor" ကုမ္ပဏီဟာ လေယာဉ် ၁၉၉ စင်း ထုတ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။