MPT Myanmar National League Youth (U-21) 2020 ပွဲစဉ်တွေကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ပွဲစဉ်တွေဖြစ်သလို ပရိသတ်တွေအတွက် ကြည့်လို့ကောင်းလာတဲ့ ပြိုင်ပွဲတွေဖြစ်လာခဲ့ပါတယ်။ ယခုမှာဆိုရင်တော့ ယူ-၂၁ ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်(၁၀) အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ ကချင်ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ကတော့ မတ်လ ၁၆ ရက်နေ့ ညနေ၄နာရီ အချိန်တွင် စလင်းဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ယင်း ပွဲစဉ်မှာတော့ အနိုင်ရလဒ်ကောင်းတွေကို ဆက်လက်ထိမ်းထားနိုင်ခဲ့ ဧရာဝတီယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို (၁-၃) ဂိုးဖြင့် အနိုင်ရယူခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆ မိနစ် ၊ ၉ မိနစ် ၊ ၃၄ မိနစ် တို့မှာ Wai Yan Oo တစ်ယောက်တည်းသာ သုံးဂိုးသွင်းယူပေးခဲ့ပါတယ်။ ကချင်ယူနိုက်တက်အသင်း အတွက်ပြန်လည်ခြေပဂိုးတစ်ဂိုးကို ပွဲချိန် ၄၉ မိနစ်မှာ Sein Hlaing Win ကသွင်းယူခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ပွဲချိန်ပြီးဆုံးချိန်မှာတော့ ဧရာဝတီယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ကချင်ယူနိုက်တက်အသင်းကတော့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေးမယ့်လည်း အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-21) 2020 ပွဲစဉ် (၁၀) အဖြစ် ဧရာဝတီယူနိုက်တက်အသင်း နှင့် ကချင်ယူနိုက်တက်အသင်း တို့ရဲ့ ပွဲရလဒ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။