MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မတ် ၂၄ ရက်တွင့် မကွေးအသင်းနှင့်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ယင်းပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်အသင်းနောက်ခံလူ ကွန်ဂို သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲအား လွဲချော်မည်ဖြစ်ပါယ်။ ရန်ကုန် ယူနိုက်တက်အသင်းနောက်ခံလူ ကွန်ဂို ကတော့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit -Myanmar National League Facebook Page

အသက် ၂၇ နှစ်အရွယ်ရှိ ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ အားနက်စ်အဘူဘာကာကွန်ဂိုသည် ရန်ကုန်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမား တစ်ဦးဖြစ်ပြီး ကိုးပွဲကစားအပြီးတွင် တစ်ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ကွန်ဂိုသည် အဝါကတ် သုံးကတ် ပြည့်ခဲ့သည့်အတွက် မကွေးအသင်းနှင့် ကစားရမည့်ပွဲစဉ်အား လွဲချော်ရခြင်း ဖြစ်ဖြစ်ပါတယ်။

Photo Credit -Myanmar National League Facebook Page

မကွေးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၄ ရက်၊ ညနေ လေးနာရီ၊ YUSC ကွင်းတွင် ကစားမည်ဖြစ်ပြီး လက်ရှိ အချိန် တွင် မကွေးအသင်းက ရမှတ် ခုနစ်မှတ်ဖြင့် အဆင့် ၈ နေရာ တွင် ရပ်တည်နေပြီး ရန်ကုန်ယူနိုက် တက်အသင်းကတော့ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပါတယ်။ ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်လာမယ့် မကွေးအသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ရဲ့ ပွဲစဉ်ကို စောင်မျှော်ကြည့်ရှုပေးပါဦး ။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။