MPT Myanmar National League Youth (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်တွေကတော့ အခြားပွဲစဉ်တွေနဲ့ မတူပဲ ပြိုင်ဆိုင်မှုတွေကတော့ အဲ့မခန်းပါပဲ ။ ယခုတစ်ပတ်မှားလည်း ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်လာမယ့် မြန်မာနေရှင်နယ်လိဂ် (ယူ-၁၉) ပွဲစဉ်(၁၀) အဖြစ် ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် အား/ကာ သိပ္ပံ (ယူ-၁၉) အသင်းတို့ရဲ့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီ၊ တောင်ဒဂုံကွင်းတွင် ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

Photo Credit - Yangon United Football Club Facebook Page

ပွဲစဉ် (၉)ကစားအပြီးမှာ ရန်ကုန်လူငယ်အသင်းက ၉ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်ဖြင့် အဆင့်(၃)တွင် ရောက်ရှိနေခဲ့ပါတယ်။ အား/ကာ သိပ္ပံ အသင်းကတော့ ၉ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၃ မှတ်ဖြင့် အဆင့်(၁)တွင် ရပ်တည်နေပါတယ်။ အား/ကာ သိပ္ပံ အသင်းကတော့ ပွဲခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်သလို ရှုံးပွဲမရှိပဲ ရလဒ်ကောင်းတွေကို ဆက်လက်ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။

Photo Credit - Yangon United Football Club Facebook Page

ရန်ကုန်ယူနိုက်တက်အသင်း ကလည်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တစ်လျှောက် ရှုံးပွဲ နှစ်ပွဲနဲ့ ရင်ဆိုင်ထားခဲ့တဲ့ အသင်းဖြစ်တာကြောင့် အား/ကာ သိပ္ပံ အသင်းနဲ့ ပွဲစဉ်မှာရော ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲ...အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ဖို့အတွက် အနိုင်ရလဒ်နဲ့အတူဆက်လက် ထိမ်းထားနိုင်မလာဆိုတာ စိတ်ဝင်စားစရာကောင်းတာကြောင့် ဘောလုံးချစ်ပရိသတ်ကြီးရေ ယနေ့မှာလည်း စောင့်မျှော်အားပေးကြည့်ရှုပေးပါဦး....။

Source & Photo Credit - Yangon United Football Club Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။