အနုပညာလောကထဲကို ဝင်ရောက်တာမကြာသေးပေမယ့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ ယူထားနိုင်တဲ့ သူလေးကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံပဲဖြစ်ပါတယ်။ သူမက အကယ်ဒမီရွှေကြိုအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးလာတာပဲဖြစ်ပါတယ်။ သူမက မြန်မာဝတ်စုံလေးတွေကိုသာ အမြဲလိုလိုဝတ်ဆင်ပြီး နန်းဆန်တဲ့ အလှလေးတွေကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

Photo credit -Saung Yoon San 's FB account
Photo credit -Saung Yoon San 's FB account

Photo shootingတွေနဲ့ Music videoတွေကို ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပြီး စကားပြောဆို ယဉ်ကျေးချိုသာလွန်းတာကြောင့် လူအများရဲ့ ချစ်ခင်ခြင်းကို ခံရသူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူမက အားလပ်ရက်မှာ ကမ်းခြေကို အပန်းဖြေရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် သူမက " ခင်ဗျားပြုံးနေတာလေးပဲ အမြဲ‌တွေ့ချင်တယ် ခင်ဗျားပျော်နေပါတယ်ဆိုတဲ့ အသံလေးပဲကြားချင်တယ် ခင်ဗျားအဆင်ပြေနေဖို့က ကျနော့အတွက်အဓိကမို့ ကျနော်နေတဲ့အရပ်ကရာသီဥတုသာယာလားမေးလာခဲ့ရင်တော့ ကျနော့ရာသီဥတုက ခင်ဗျား... မျက်နှာလေးနဲ့တိုက်ရိုက်ပက်သက်နေတယ်လို့ ဖြေရပါလိမ့်မယ်" ဆိုတဲ့ ကဗျာစာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။

Photo credit -Saung Yoon San 's FB account

ချစ်စရာကောင်းတဲ့ အနီရောင်ဂါဝန်လေးကို ဝတ်ကာ ကမ်းခြေမှာ လှပစွာ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဆောင်းယွန်းစံရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။ ဆောင်းယွန်းစံရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်ကြီးက အားပေးကြမယ်မလား...။

Photo credit -Saung Yoon San 's FB account
Photo credit -Saung Yoon San 's FB account

Source & Photo credit -Saung Yoon San 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။