အောက်တိုဘာလ ၁၃ရက်နေ့ကို ဘရာမဝတ်ရတဲ့နေ့လို့ခေါ်ကြပါတယ်။ ထိုနေ့ကိုသတ်မှတ်ရတဲ့အကြောင်းလေးကို ဗဟုသုတ တစ်ခုအနေဖြင့်တင်ပြလိုက်ပါတယ်။

No Bra Day ဆိုတာက လူကြီးမင်းတို့ထင်ထားသလို ဘရာမဝတ်ရတဲ့နေ့ဆိုပေမယ့်လဲ မကောင်းတဲ့ အဓိပ္ပာယ်နှင့် သတ်မှတ်ခဲ့တာမဟုတ်ဘဲ ရင်သားကင်ဆာကို သတိပြုမိအောင်ဆိုတဲ့ရည်ရွယ်ချက်နှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဓိက ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ရင်သားကင်ဆာေရာဂါကို သတိထားသင့်ကြောင်း၊ ကိုယ့်ဘာသာကိုယ် စစ်ဆေးမှုတွေပြုလုပ်သင့်ကြောင်း အပြင်ရေဂါ ဝေဒနာခံစားနေရတဲ့သူတွေကိုပါ အားပေးတဲ့အနေနှင့် သူတို့ရဲ့ အတွင်းခံတွေ၊ ဘရာတွေကို အိမ်မှာထားခဲ့ပါဆိုပြီးဆိုလိုပါတယ်။

ထိုနေ့ကို ၂၀၁၁ ထဲက စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အလှတရား တွေကိုအတွင်းခံတွေကချုပ်နှောင်ထားရာကနေလွတ်မြောက်စေလိုသောရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုကဲ့သို့ချုပ်နှောင်ထားတဲ့အရာတွေကို လွှင့်ပစ်ပြီး မိမိရဲ့ အလှတရားကို ၂၄နာရီလုံးလုံးခံစားစေလိုသောရည်ရွယ်ချက်လည်းပါပါတယ်။

တကယ်တော့အောက်တိုဘာလတစ်လလုံးဟာ ရင်သားကင်ဆာကို သတိပြုမိအောင်သတိပေးတဲ့လတစ်လဖြစ်ပါတယ်။ အောက်တိုဘာလ ၁၄ရက်နေ့ကိုလဲ Big Pink Day ဆိုပြီး ရင်သားကင်ဆာရောဂါခံစားနေရတဲ့ လူနာတွေကိုအားပေးတဲ့အနေနှင့် ပန်းရောင်တွေဘဲ ဝတ်ဆင်တဲ့နေ့တစ်နေ့လဲဖြစ်ပါတယ်။

အဲ့ဒီနေ့မှာတော့ လူမှုကွန်ရက်တွေမှာ #nobraday ဆိုပြီး ကင်ဆာဝေဒနာခံစားနေရတဲ့သူတွေ အားတင်းနိုင်အောင် ရေးပြီးလဲတင်ကြပါတယ်။ အကယ်၍သင်ဟာ No Bra Day ကိုအားပေးတဲ့သူဆိုရင် တစ်နေ့လုံး အတွင်းခံ မဝတ်ဆင်မှ မဟုတ်ပါဘူး ခရမ်းရောင် ပါတဲ့ အကျႌလေးပဲဖြစ်ဖြစ် အဖြူရောင် အကျႌလေးဘဲဖြစ်ဖြစ်ဝတ်ရင်တောင် တစ်ဖက်တစ်လမ်းက အားပေးလို့ရပါတယ်။ အတွင်းခံမဝတ်တဲ့နည်းကိုအသုံးပြုပြီးအားပေးရင်တောင် မိမိက ကောင်းသောရည်ရွယ်ချက်နှင့်အတူအားပေးတာဖြစ်တဲ့အတွက်ရှက်စရာလုံးဝမလိုပါဘူး။

translated by Anna

Source: awarenessday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။