သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မန္တလေးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့တာဖြစ်ပါတယ်။ ဟန်လေးက ရိုးရှင်းတဲ့ မျက်နှာလေးအပြင် ဖြူဝင်းလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားကာ မြင်သူတကာငေးမောရလောက်တဲ့ သူဖြစ်တာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အများဆုံးရရှိထားသူလည်းဖြစ်ပါတယ်။

Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu

သူမကတော့ အလှမယ်တစ်ယောက်ဖြစ်သည်အလျောက် အမြဲတမ်း တက်ကြွလန်းဆန်းပြီး ကိုယ်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ လှနေတဲ့ မော်ဒယ်မလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟန်လေးက ရုပ်ရည်ချောမောရုံသာမကပဲ စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေက သဘောကျနေတာလည်းဖြစ်ပါတယ်။ သူမက အခုနောက်ပိုင်းမှာ မဂ္ဂဇင်းကာဗာဓာတ်ပုံလေးတွေ ကြော်ငြာဗီဒီယိုလေးတွေကို ပါဝင်ရိုက်ကူးလာကာ လူသိများလာတဲ့ အလှမယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu

ဟန်လေးက မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရွှေတိဂုံဘုရားမှာ ပန်းကပ်လှူနေတဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ လှပတဲ့ အဖြူရောင် ဝမ်းဆက်လေးကို ဝတ်ကာ "မောင့် အိပ်မက်မေ "ဆိုတဲ့ စာသားလေးကိုလည်း တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ကျက်သရေရှိရှိလှနေတဲ့ မော်ဒယ်မင်သမီးချောလေး ဟန်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်.။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu
Photo credit - Kaung Myat Thu

Source - Nan Shwe Aye 's FB account

Photo credit - Kaung Myat Thu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။