ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကတော့ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းလားတဲ့ ပွဲစဉ်ကောင်းတွေဖြစ်လာခဲ့ပါပြီလည်းဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ် (ယူ-၁၉)လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၁၀ အဖြစ်ယှဉ်ပြိုင်ကစားခဲ့သည့် အား/ကာသိပ္ပံ (ယူ-၁၉) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်လူငယ်အသင်းက အား/ကာသိပ္ပံအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ရန်ကုန်အသင်းအတွက် ကောင်းဇင်မိုး က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး သန်းတိုးအောင်-၁ က နှစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းတွင် ဟိန်းထက်အောင် (ဂိုး)၊ ခန့်သီဟလွင်၊ မျိုးမင်းအောင်၊ ရဲထက်အောင်၊ ရန်နိုင်လင်း၊ သန်းတိုးအောင်-၁၊ ကောင်းဇင်မိုး၊ ထက်လင်းစိုး၊ ပီတာအောင်ဝေထူး၊ အောင်မျိုးခန့် နှင့် သာယာဝင်းထက် တို့ပွဲထွက်ပါဝင်ကစားခဲ့ကြပါတယ်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းသည် ပွဲစဉ် ၁၀ ပွဲကစား၊ ၈ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၂၄ မှတ် နှင့် အဆင့် ၂ နေရာသို့တက်လှမ်းနိုင်ခဲ့ပြီး လာမည့် ဧပြီလ ၁ ရက်နေ့၊ စလင်းကွင်းတွင် ချင်းလန်း (ယူ-၁၉) အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တ်ကအသင်းကတော့ ပွဲချိန်တစ်လျှောက်ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကာ အသင်းအတွက် အနိုင် ၃ မှတ်ကို ရယူပေးနိုင်ခဲ့ပြန်ပြီလည်းဖြစ်ပါ

Source & Photo Credit - Yangon United Football Club Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။