အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုများစွာနဲ့ ရပ်တည်နေခဲ့ပြီး ပရိသတ်အားပေးမှုကို များစွာရရှိထားကာ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးကတော့ မင်းသမီးချောလေး ခင်လေးနွယ်ပဲဖြစ်ပါတယ်။ သူမက ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေကိုလည်း များစွာရိုက်ကူးထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ တောင်ပေါ်သူလေးဖြစ်တာကြောင့် စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။

Photo credit - Khin Lay Nwe 's FB account
Photo credit - Khin Lay Nwe 's FB account

ခင်လေးနွယ်ကတော့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးနဲ့ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဆိုလည်း မမှားပါဘူးနော်။ အမြဲလိုအပြုံးလေးတွေနဲ့ ချစ်စရာဟန်ပန်လေးတွေကလည်း ပရိတ်သတ်တွေကိုအချစ်ပိုစေခဲ့တာဖြစ်ပါတယ်။ပရိသတ်အချစ်တော်မင်းသမီးချောလေး ခင်လေးနွယ်က မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "ဆလုံသူ အသားရည်လေးနဲ့ ချစ်စရာကောင်းနေတဲ့ (ကွကိုယ်အားပေးတာ)တောင်ပေါ်သူလေး" ဆိုတဲ့ စာသားလေးကို ရေးသားတင်ထားတာပဲဖြစ်ပါတယ်။

Photo credit - Khin Lay Nwe 's FB account
Photo credit - Khin Lay Nwe 's FB account

ဒါ့အပြင် သနပ်ခါးလေးကို လိမ်းကာ ချစ်စရာကောင်းအောင် ပိုစ့်ပေးထားတဲ့ သူမရဲ့ ပုံလေးတွေကိုလည်း တင်ပေးထားပါသေးတယ်။

မင်းသမီးချောလေး ခင်လေးနွယ်ရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေ အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ သူမရဲ့ ပုံလေးထဲမှာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းချစ်စရာကောင်းနေတာကြောင့် ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo credit - Khin Lay Nwe 's FB account
Photo credit - Khin Lay Nwe 's FB account

Source & Photo credit - Khin Lay Nwe 's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။