ပရိသတ်ကြီးရေ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၀) ကိုပြန်လည်ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် (၉) မှာလည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်း ၁၂ သင်းကတော့ ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်နဲ့ ယှဉ်ပြိုင်ကစားသွားပြီး ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ပွဲစဉ် (၉) အပြီး အမှတ်ပေးဇယားရပ်တည်မှုတွေကို တင်ပြရမယ်ဆိုရင် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ်အများဆုံးဖြင့် အဆင့် ၁ နေရာမှာ ဦးဆောင်နေခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၂ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နှင့် ချိန်ပီယံအသင်းခြျစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ရခိုင်ယူနိုက်တက်အသင်းက အဆင့် ၅ ၊ စစ်ကိုင်းယူနိုက်တက်အသင်း က အဆင့် ၆ ၊ ရတနာပုံအသင်းက အဆင့် ၇ ၊ မကွေးအသင်း က အဆင့် ၈ ၊ ISPE အသင်းက အဆင့် ၉ ၊ ဇွဲကပင်အသင်းက အဆင့် ၁၀ ၊ ဆောက်သမ်းမြန်မာအသင်း နှင့် ချင်းယူနိုက်တက်အသင်းတို့ကတော့ ရမှတ်တူ ဂိုးကွားခြားချက်ဖြင့် အဆင့် ၁၁ ၊ အဆင့် ၁၂ တို့မှာ အသီးသီးရပ်တည်နေပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ပွဲစဉ် (၁၀) မှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့ ပွဲစဉ်တွေကတော့ ဟံသာဝတီယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် ၊ စစ်ကိုင်းယူနိုက်တက်-ချင်းယူနိုက်တက် ၊ မကွေးအက်ဖ်စီ-ရန်ကုန်ယူနိုက်တက် ၊ ရှမ်းယူနိုက်တက်- ဆောက်သမ်းမြန်မာ ၊ရတနာပုံအက်ဖ်စီ- ISPE FC ၊ ဧရာဝတီယူနိုက်တက်-ရခိုင်ယူနိုက်တက် ၊ တွေ့ဆုံယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ပွဲစဉ်တွေဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးပါဦး။

Source & Photo Credit -Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။