Photo credit - LGD Gaming facebook page..

PSG.LGD Dota 2 team ကတော့ Ti9 ပြီးထဲက performance တွေပျောက်ဆုံးနေခဲ့ပြီး open qualifier တွေတောင် မအောင်မြင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် PSG.LGD အနေနဲ့လည်း ပြောင်းလဲမှုတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အစပိုင်းမှာ အသင်းရဲ့ carry playe Ame နဲ့ CDEC က carry player Ahjit တို့ကို အလဲအထပ်ပြုလုပ်ခဲ့ပါတယ်။

သို့ပေမယ့်လည်း Ahjit ဟာ ပြိုင်ပွဲမဝင်ခင် tranning camp မှာတင် အဆင်မပြေမှုတွေရှိတာကြောင့် inactive လုပ်သွားခဲ့ပြီး PSG.LGD အနေနဲ့လည်း China လူငယ် carry player ASD ကို Ahjit ရဲ့နေရာမှာအစားထိုးဖို့ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း PSG.LGD ဟာ ASD နဲ့ အတူ ESL One Los Angeles Major China open qualifier ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ထပ်မံအရေးနိမ့်ခဲ့ပါတယ်။

၄င်း open qualifier အပီးမှာတော့ ASD အနေနဲ့လည်း Ahjit လမ်းစဥ်အတိုင်းပဲ inactive လုပ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့o4 player fy ကလည်း PSG.LGD ကနေ ထွက်ခွာသွားပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီကနေ့ ကြေညာခဲ့တဲ့ PSG.LGD ရဲ့ roster မှာတော့ fy က ပါမြဲပါဝင်ဆဲပါပဲ။

ဒီနေ့ ကြေညာခဲ့တဲ့ roster ဟာ လက်ရှိ PSG.LGD ပါဝင်ယှဥ်ပြိုင်မယ့် We Save! Charity Play ပြိုင်ပွဲတစ်ခုအတွက်သာ အကျုံးဝင်မှာပဲဖြစ်ပါတယ်။

PSG.LGD ကြေညာခဲ့တဲ့ roster ကတော့

Po 1- Chalice

Po 2- Somnus

Po 3- eLeVeN

Po 4- fy

Po 5- xNova တို့ပဲဖြစ်ပါတယ်။

eLeVeN ကတော့ EHOME ကနေ အငှားအနေနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အရင်က Offlane မှာပဲကစားခဲ့တဲ့ Charlice ဟာ Po 1(carry) role ကိုပြောင်းလဲ ကစားသွားမှာဆိုတော့ PSG.LGD အနေနဲ့ လက်ရှိဝင်ရောက်ယှဥ်ပြိုင်နေတဲ့ We Save! touranment မှာ ဘယ်လို performance တွေပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Source. LGD Gaming facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။