photo credit - LGD Gaming Facebook page

PSG.LGD အသင်းနဲ့ offlane player Chalice ရဲ့နာမည်အရင်းကတော့ Yang Shenyi ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1998 ခုနှစ် 8 လပိုင်း 16 ရက်နေ့မှာ တရုတ်နိုင်ငံမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

သူ့စတင်ကစားခဲ့တဲ့ အသင်းကတော့ MAX.Y ဖြစ်ပြီး 2016 ခုနှစ် 4 လပိုင်းကနေ 2017 ခုနှစ် 2 လပိုင်းထိ ၎င်းအသင်းမှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Chalice ဟာ Team MAX ကိုရောက်ရှိခဲ့ပြီး 2017 ခုနှစ် 12 လပိုင်း ၎င်းအသင်းမှာကစားခဲ့ပါတယ်။

Team MAX ကထွက်ပြီးပြီးချင်းမှာပဲ Chalice ဟာ LGD.Gaming (ယခု PSG.LGD ) အသင်းကိုရောက်ရှိခဲ့ပြီး ယနေ့ထိ ၎င်းအသင်းမှာကစားနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ sighature hero တွေကတော့ Dark Seer , Clockwerk နဲ့ Batrider တို့ဖြစ်ပြီး ကစားသမားဘ၀ total earnings ကတော့ $1,780,582 ပဲဖြစ်ပါတယ်။

Chalice ဟာ Offlane ပဲကစားလာခဲ့တယ်ဆိုပေမယ့် လက်ရှိကျင်းပနေတဲ့ WeSave! Charity Play မှာတော့ အသင်းရဲ့လိုအပ်ချက်ကို အားဖြည့်ဖို့အတွက် carry role ကိုပြောင်းလဲကစားခဲ့သလို performance ကောင်းတွေလည်း ပြသထားနိုင်တာတွေ့ရပါတယ်။

Chalice ရဲ့အကြောင်းက အများကြီးရှာလို့မရတဲ့အတွက် သိသလောက်လေးကို ဖော်ပြပေးလိုက်ရပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။