MPT MNL 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၀) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၂၃ ရက် ညနေက YUSC ကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ စစ်ကိုင်းယူနိုက်တက် အသင်းမှ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။နှစ်သင်းစလုံးသည် ပထမပိုင်း မိနစ် ၃၀ မတိုင်မီ အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ပွဲချိန် ၃၂ မိနစ်တွင် စစ်ကိုင်းယူနိုက် တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ကောင်းထက်ကျော်က သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ်လေးမိနစ်အကြာ တွင် ချင်းယူနိုက်တက်အသင်းမှ ချေပဂိုးပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး ဆင်မြူရယ်က သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ပွဲချိန် ၄၁ မိနစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် တိုက်စစ်မှူး ပက်ထရစ်က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ထောင့်ကန်ဘောမှတင်ပေးခဲ့သည့် ဘောလုံးကို ချင်းယူနိုက်တက်အသင်း နောက်ခံလူ Dixon Alusine က ကိုယ့်ဂိုးကိုယ် ပြန်လည် သွင်းယူခဲ့မိခြင်းဖြစ်ပါတယ်။ ပထမပိုင်းအပြီးတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ သုံးဂိုးတစ်ဂိုးဖြင့် ဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်းတွင် ချင်းယူနိုက်တက်အသင်းမှ ချေပဂိုးများ ပြန်လည်ရရန် တိုက်စစ်ဆင်ဖွင့်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်းမှ တန်ပြန်တိုက်စစ်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးမရခဲ့သည့်အတွက် စစ်ကိုင်းယူနိုက် တက်အသင်းမှ (၃-၁) ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ယင်းပွဲစဉ်အနိုင်ရခဲ့သည့်အတွက် ၁၀ ပွဲကစားပြီးချိန်တွင် ငါးပွဲ နိုင်၊ တစ်ပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ်( ၁၆ )မှတ်ဖြင့် အဆင့် (၅ )သို့ ယာယီတက်လှမ်းနိုင်ခဲ့ပြီး ချင်းယူနိုက်တက်အသင်းသည် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် လေးမှတ်ဖြင့် အဆင့် (၁၂) နေရာတွင် ဆက်လက်ရပ်တည်နေပါတယ်။စစ်ကိုင်းယူနိုက်တက်အသင်းသည် လာမည့် မတ် ၃၁ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး ချင်းယူနိုက်တက်အသင်းသည် လာမည့် မတ် (၃၀) ရက်တွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ် ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။