ပရိသတ်ရေ MPT Myanmar National League Youth (U-21)2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ တွေကတော တကယ့်ကို ကြည့်လို့ကောင်းလာတဲ့ ပွဲစဉ်တွေဖြစ်လာတာနဲ့အညီ ပိုမိုကောင်းမွန်တဲ့ ကစားမှုပုံစံလေးတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်သွားကြတာဖြစ်ပါတယ်။ ယခုမှာဆိုရင်ယူ-၂၁ ပွဲစဉ် (၁၁) ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၂၃ ရက်နေ့ညနေ ၄ နာရီအချိန်တွင် ပဒုမ္မာဘောလုံးကွင်းကြီးထဲ မှာ ISPE အသင်း နှင့် ချင်းလန်းအသင်း တို့ရဲ့ ပွဲစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယင်းပွဲစဉ်မှာတော့ ISPE အသင်းက ချင်းလန်းအသင်းကို (၄-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင် ရယူနိုင်ခဲ့ပါတယ်။ ပွဲချိန်တစ်လျှောက်မှာတော့ နှစ်ဖက်အသင်းစလုံးက ဂိုးရရှိရေးအတွက် အကောင်းဆုံးယှဉ်ပြိုင်ကစားကာ ISPE အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် Aye Chan Thar က သွင်းယူပေးခဲ့ပါတယ်။ယင်းနောက် ပထမပိုင်း လက်ကျန်မိနစ်တွေမှာ နှစ်ဖက်အသင်းစလုံးကအပြန်အလှန် ဂိုးခြိမ်းခြောက်မှုတွေရရှိခဲ့ပေမယ့် ဂိုးအဖြင့် အသုံးချနိုင်ခြင်းမရှိပဲ ISPE အသင်းက ရဂိုးတစ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒုတိယပိုင်းမှာတော့ ISPE အသင်းရဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ၆၆ မိနစ် မှာ Banyar Thein ကသွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ Arkar Phyo Wai နှင့် ပွဲချိန် ၉၀+၃ မိနစ် မှာ Pyae phyo Khaing တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ISPE အသင်းက ချင်းလန်းအသင်းကို (၄-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ပွဲစဉ် (၁၁) အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချင်းလန်းအသင်း နှင့် ISPE အသင်း တို့ရဲ့ ပွဲရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။