photo credit - ESL Brazil facebook page

ESL အနေနဲ့ လာမယ့် May လအတွင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ESL One; Rio 2020 Major ကို Coronavirus ကြောင့် 2020 ခုနှစ် နိုဝင်ဘာလကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကျင်းပသွားမယ့်နေရာကတော့ Brazil နိုင်ငံ Rio De Janeiro က Jeunesse Arena မှာဖြစ်ပြီး prize pool ကိုလည်း $2,000,000 USD ထိတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီ prize pool ဟာ Counter-Strike history မှာ singal tournament တွေအတွင်း အများဆုံးပေးအပ်တဲ့ prize pool ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

ကျင်းပမယ့်နေရက်ကတော့ 2020 ခုနှစ် နိုဝင်ဘာလ 9 ရက်နေ့ကနေ 22 ရက်နေ့ထိ ကျင်းပပြုလုပ်သွားဖြစ်တယ်လို့ သိရပါတယ်။

source - ESL Brazil Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။