ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကရဲ့ ထူးဆန်းတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ "John Lawson House" အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit သံ ဇဉ် မိုးဇတ်

အဲ့ဒီအိမ်ကြီးရဲ့ ရာဇဝင်ကတော့ ၁၈၄၅ ခုနှစ်မှာ ရပ်ကွက်တစ်ခုလုံး မီးလောင်တုန်းက အဲ့တစ်အိမ်တည်း ကျန်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ပိုင်ရှင်က သူ့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးများအား လွမ်းဆွတ် သတိရတဲ့အနေနှင့် ရုပ်ထုတွေ ထုလုပ်ခဲ့တာလား ဒါမှမဟုတ် ဖက်ရှင်တွေကို နှစ်သက်၍ အဝတ်အစားသစ်တွေ မဟောင်းနွမ်းအောင် ဆင်ယင်ပေးထားတာများလား မခန့်မှန်းနိုင်လောက်အောင် အဲ့ဒီအရုပ်တွေ ရဲ့အဝတ်အစားဟာ အမြဲ သစ်လွင်နေပြီး လက်ထဲမှာ ထူးထူးဆန်းဆန်း ပစ္စည်းလေးတွေ ရှိနေတတ်တာ ဖြစ်ပါတယ်။

photo credit pngtree

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ငှက်လှောင်အိမ်လေးတွေ၊ စာအုပ်လေးတွေ၊ ပဝါစလေးတွေ အစရှိတာတွေပဲ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ထိုအိမ်နှင့် မလှမ်းမကမ်းမှာ မီးရထား မတော်တဆ ဖြစ်ခဲ့ပြီး လူပေါင်း ၂၀ လောက်သေဆုံးခဲ့ဖူးတာ ဖြစ်ပါတယ်။ အရုပ်တွေရဲ့ ဦးခေါင်း ဟာ မီးရထား မတော်တဆမှုဖြစ်ခဲ့တဲ့ နေရာကို တစ်ခါတစ်ရံ ဦးခေါင်းများ လှည့်နေတတ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုင်ရှင်အသစ်ပြောင်းသွားခဲ့ပြီး ထူးဆန်းတဲ့ သတင်းတွေ မကြားရတော့တာ ဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ် 

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။