MPT Myanmar National League (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကတော့ ပြိုင်ဆိုင်မှုတွေကလည်းပြင်းထန်စွာယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တွေပဲဖြစ်ခဲ့ပါတယ်။ ယခုမှာတော့ ပွဲစဉ်

(၁၁) အပြီး ရလဒ်များနှင့် အမှတ်ပေးဇယား ရပ်တည်မှု ဖြစ်ပါတယ်။ လက်ရှိ ပွဲစဉ် (၁၁) အပြီး အမှတ်ပေးဇယားရပ်တည်မှုကိုတင်ပြရမယ်ဆိုရင်လည်း အဆင့် ၁ မှာ ရမှတ် ၂၈ မှတ်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းက ဦဆောင်နေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ရတနာပုံအသင်းက ရမှတ် ၂၆ မှတ်ဖြင့်အဆင့် ၂ နေရာမှာရပ်တည်နေပြီး ISPE အသင်းက ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၃ နှင့် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၄ မှတ်ဖြင့်အဆင့် ၄ နေရာတို့မှာအသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။ မောရဝတီအသင်းကတော့ ရမှတ် ၁ မှတ်သာရရှိသေးတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရောက်ရှိနေခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

ပွဲစဉ် (၁၁) မှာ ယူနီဗာစတီအက်ဖ်စီ- ဇွဲကပင်ယူနိုက်တက် ပွဲစဉ်ကို ယူနီဗာစတီအသင်းမှ ကျောင်းသားများ၏ စာမေးပွဲကာလနှင့် တိုက်ဆိုင်နေတာကြောင့် မူလကတည်းက မေလအတွင်းသို့ ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပြီး ကချင်ယူနိုက်တက်- ယောမြေအက်ဖ်စီအသင်းတို့ ပွဲစဉ်ကို Covid-19 ကူးစက်ရောဂါအခြေအနေကြောင့် အရေးပေါ် ရွှေ့ဆိုင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယူ-၂၁ ပွဲစဉ် (၁၁) အပြီး အမှတ်ပေးဇယားရပ်တည်မှုများ နှင့် ပွဲရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။