Photo credit - ESL Dota 2 facebook page

Coronavirus situation ကြောင့် ကျင်းပဖို့ ရပ်စဲထားတဲ့ ESL One Los Angeles 2020 Major ကတော့ လက်ရှိအချိန်မှာ online touranments အနေနဲ့ ပြောင်းလဲကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။

ယခုလိုပြန်လည်ကျင်းပတဲ့နေရာမှာ ပြိုင်ပွဲစည်းမျဥ်းတွေကိုလည်းပြောင်းလဲခဲ့ပြီး major qualified ဖြစ်ထားတဲ့ teams တွေနဲ့ minor qualified ဖြစ်ထားတဲ့ teams တွေအပါအဝင် စုစုပေါင်း dota 2 team 34 က ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲ rule အရတော့ region ငါးခုခွဲပြီး ယှဥ်ပြိုင်သွားဖြစ်ပြီး EU + CIS region ကနေ group တစ်ခုကို 8 team နဲ့ group နှစ်ခု စုစုပေါင်း 16 team ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာပါ။

China ကနေတော့ group တစ်ခုသာယှဥ်ပြိုင်ရမှာဖြစ်ပြီး ၄င်း group မှာ dota 2 team 6 team ပါဝင်ယှဥ်ပြိုင်ခွင့်ရမှာပါ။

ကျန်ရှိနေတဲ့ NA, SA နဲ့ SEA regions တွေကနေတော့ group တစ်ခုကို 4 teams နဲ့ စုစုပေါင်း 12 teams ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

ကျင်းပသွားမယ့်အချိန်ကတော့ March လ 28 ရက်နေ့ကနေ April လ 19 ရက်နေ့ထိဖြစ်ပြီး ပေးအပ်သွားမယ့် total prize pool ကတော့ $375,000 USD ပဲဖြစ်ပါတယ်။

region အလိုက်ပေးအပ်သွားမယ့် prize pools တွေကတော့ Eu + CIS region အတွက် $ 200,000 USD ပေးအပ်သွားမှာဖြစ်ပြီး China Region အတွက်ကတော့ $55,000 USD ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ NA , South Africa နဲ့ SEA regions တွေအတွက်တော့ $40,000 USD စီပေးအပ်သွားမှာပဲဖြစ်ပါတယ်။

Source - ESL Dota 2 facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။