ပြည်ပမှပြန်လာတဲ့ Covid-19 စောင့်ကြပ်ကြည့်ရှုခံသူများကို နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ နေရာအသီးသီး ချမှတ်ပေးထားခဲ့ပါတယ်။မြန်မာဘောလုံး အကယ်ဒမီ နှင့် မြန်မာ့လက်ရွေးစင် အသင်းအဆောင်များမှာလည်း စောင့်ကြည့်သူများကို ထားရှိပြီး မြန်မာဘောလုံး အကယ်ဒမီနှင့် မြန်မာ့လက်ရွေးစင် အသင်း အဆောင်များမှ COVID-19 သီးခြားစောင့်ကြည့်ခံများ အတွက် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက် MPT မှ CSR အစီအစဉ် အဖြစ် SIM Card များနှင့် ငွေဖြည့်ကတ်များကို မတ်လ ၂၇နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ လာရောက် လှူဒါန်းခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

SIM Card ၂၅၀ ကတ်နှင့် တစ်ထောင်တန် ငွေဖြည့်ကတ် ၂၅၀ တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမိုးသူရက လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က လက်ခံရယူခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

မြန်မာဘောလုံး အကယ်ဒမီနှင့် မြန်မာ့လက်ရွေးစင် အသင်း အဆောင်များကို နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာမည့် သူများကို သီးခြားစောင့်ကြည့်မှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ပံ့ပိုးပေးထားခြင်း ဖြစ်ပါတယ်။ မြန်မာဘောလုံး အကယ်ဒမီနှင့် မြန်မာ့လက်ရွေးစင် အသင်း အဆောင်များမှ COVID-19 သီးခြားစောင့်ကြည့်ခံများ အတွက် MPT မှယခုလို လှူဒါန်းပေးတာကိုလည်း ပရိသတ်ကြီးကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။