ပရိသတ်တွေအားလုံးရဲ့ အချစ်တွေအားလုံးကို သိမ်းကြုံးရယူထားသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ တစ်ဦးသော သားရတနာလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သားလေးဟာ တစ်နှစ်ခွဲကျော် အရွယ်လေးကို ရောက်ရှိလာပြီပဲဖြစ်ပြီး မွေးကတည်းက အားလုံးရဲ့အသည်းကျော်လေး ဖြစ်နေရတာပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း မြင်ရသူတိုင်းကို အသည်းတွေယားစေပြီး အချစ်တွေပိုပိုပြီး တိုးလာစေတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account

သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း မိသားစုဝင်များက ဗီဒီယိုလေးတွေမကြာခဏတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ဗီဒီယိုလေးတွေကြည့်ပြီး အသည်းတွေယားကာ ချစ်မဝဖြစ်နေရတာပါ။ လတ်တလောမှာတော့ သားလေးကို လွင်မိုးတို့ဇနီးမောင်နှံကပဲ အနီးကပ်ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ဖိုးဖိုးလွင်မိုးရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account
Photo Credit- Lwin Moe’s Facebook Account

ဒါကတော့ အိမ်ထဲမှာဘဲဖိုးဖိုးနဲ့အတူ ဘောလုံးလေးတွေနဲ့ဆော့ကစားကာပျော်ရွှင်နေတဲ့ Liam လေးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ Liam လေးဟာ သူရဲ့ အရုပ်လေးတွေနဲ့ ဆော့ကစားနေရရင်ကို ပျော်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Lwin Moe’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။