ပရိသတ်ကြီးရေး လတ်တလောဖြစ်ပွားနေတဲ့ Covid -19 ရောဂါကြောင့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ စဉ်တွေ ရပ်နားထားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများရဲ့ အမာခံပရိသတ်တွေက Covid-19 ရောဂါ ကြိုတင်ကွာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပေးနေတာကိုလည်း မြင်တွေ့နေရပါတယ်။မတ်လ ၂၆ ရက်နေ့နံနက်ပိုင်းမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် စစ်ကိုင်းယူနိုက်တက် အသင်း အမာခံ ပရိသတ်တွေ အနေနဲ့ COVID-19 ကာကွယ်ရေးအတွက် လက်သန့်စင်ရေး လှုပ်ရှားမှုတစ်ခုအနေဖြင့် မုံရွာမြို့ ချင်းတွင်းရတနာဈေး အတွင်းမှာ လိုက်လံပြုလုပ်ပေးတဲ့ ပုံရိပ်အချို့ကို ကြည်နူးဖွယ်ရာ မြင်ကွင်းများကို ဖောလြာခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ထို့နည်းအတူ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာ အသင်း ပရိသတ်တွေ အနေနဲ့ လည်းHand Gel များနှင့် ငွေ ၇၅၀၀၀ ကျပ်ကို ပြည်ပမှ ပြန်လာသူတွေကို စစ်ဆေးကူညီလျှက် ရှိကြတဲ့ ကျိုက်မရော အဝိုင်းက စစ်ဆေးရေး အဖွဲ့ထံ သွားရောက် လှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရခိုင်ယူနိုက်အသင်း ပရိသတ်များအနေနဲ့လည်း စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် COVID-19 ကာကွယ်ရေးအတွက် လက်သန့်စင်ရေး လှုပ်ရှားမှုမှ ပုံရိပ်များကိုလည်းဖော်ပြလာခဲ့ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ယခုလို့ အများပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ပေးနေတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့အမာခံပရိသတ်တွေကို ဂုဏ်ပြုပေးလိုက်ပါဦး။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။