ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားကြတဲ့ မင်းသား မင်းသမီးလေးတွေကလည်း အပါအဝင်ပါပဲ..။

ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးသရုပ်ဆောင်နိုင်ကြပြီး အနုပညာလမ်းကြောင်းမှာလည်း ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေကြသလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - May Myint Mo's FB Account

အခုတစ်ခါမှာ ပရိသတ်အချစ်တော်လေးတွေ ဖြစ်ကြတဲ့ အောင်မင်းခန့် စည်သူဝင်း၊ အောက်ရေချမ်းနဲ့ မေမြင့်မိုရ်တို့လေးကတော့ ချစ်ရတဲ့ ပရိသတ်တွေ Covid-19 ရောဂါတွေ မကူးစက်စေဖို့အတွက် အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ဖို့နဲ့ ဆောင်ရန်ရှောင်ရန် စည်းကမ်းလေးတွေကို မျှဝေပြောပြလာပါတယ်..။

လေးယောက်အတူ ဆုံရင်း ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားပြီး သူတို့ကိုယ်တိုင်ကလည်း Mask တွေ ကိုယ်စီတပ်ထားကြပြီး ပရိသတ်တွေကိုလည်း Mask တွေတပ်ဖို့နဲ့ Handgel ဆောင်ကာ ပြန်လာရင်လည်း လက်ကို စနစ်တကျဆေးဖို့ မေလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားတာပါ..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

သူငယ်ချင်းလေးယောက်အတူ ဓာတ်ဖမ်းရင်း "အားလုံးပဲမလိုအပ်ပဲအပြင်မထွက်ကြပါနဲ့နော် တကယ်လိုအပ်လို့မဖြစ်မနေထွက်ရမယ်ဆိုရင် လူထူထပ်တဲ့နေရာတွေမှာ Mask တပ်သင့်ပါတယ် Hangelလေးဆောင်ကြပါ အပြင်ကပြန်လာပြီဆိုတာနဲ့လက်တွေကိုစနစ်တကျ ဆေးကြောပေးဖို့အရေးကြီးပါတယ်..။

Covid19 Virus ပိုးကာကွယ်ဖို့မိမိကိုယ်တိုင်ကစတင် လုပ်ဆောင်ပြီး မိသားစုနဲ့ပတ်ဝန်းကျင်ကိုကာကွယ်ပေးကြပါစို့..." ဆိုပြီးမေလေးက ပရိသတ်တွေကို အသိပညာပေးကာ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

Source & Photo Credit - May Myint Mo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။