ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် စည်ဖြိုးကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။စည်ဖြိုးတို့ မိသားစုက အလှူအတန်းဆိုလည်း မကြာခဏလှူဒါန်းနေကြလို့ အလှူရေစက်လက်နဲ့မကွာတဲ့မိသားစုလေးကို ပရိသတ်တွေကလည်း အရမ်းချစ်ပြီး အားကျလေးစားနေရတာဖြစ်ပါတယ်။

Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account

စည်ဖြိုးရဲ့မိခင် ဒေါ်သီသီဝင်းကလည်း အရွယ်တင်နုပျိုပြီးလှပနေတာကြောင့် ပရိသတ်တွေကလည်းသတိထားမိလာပြီး သူမကိုပါချစ်လာကြတာဖြစ်ပါတယ်။စည်ဖြိုးက သူ့ရဲ့ချစ်သူခင်လွှမ်းနဲ့လည်း ချစ်သူဘဝကို အေးအတူပူအမျှဖြတ်သန်းနေတာဖြစ်ပါတယ်။ခင်လွှမ်းကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ချစ်သူနှစ်ဦးကတော့ နားလည်မှုအပြည့်နဲ့ချစ်နေကြတာပါနော်။

Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account

ခင်လွှမ်းကိုလည်း အားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားရှိပြီး အမြဲတမ်းပျော်ရွှင်နေကြတဲ့ သူမတို့ချစ်သူနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို အားပေးနေကြတာပါ။အခုဆိုရင်လည်း ခင်လွှမ်းက စည်ဖြိုးကို မိတ်ကပ်ကိုယ်တိုင်ပြင်ပေးပြီး နှစ်ယောက်သားအခွီပုံစံလေးတွေနဲ့ ပိုစ့်ပေးကြမ်းနေကြကာ စည်ဖြိုးကတော့"အားလုံး နေကောင်း ကျန်းမာ ကြပါစေ ...ကိုယ်တွေတော့ အိမ်တွင်းရူး သွားကြပါပြီ ..."ဆိုပြီး မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account
Photo Credit:Si Phyo's Facebook Account

Source&Photo Credit:Si Phyo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။